သီမြစ် မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်အချို့ကို စတင်ပေးဝေနေပြီဖြစ်ပြီး ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဖွင့်ပွဲကျင်းပသွားမည်ဟုဆို

သီမြစ် မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်အချို့ကို စတင်ပေးဝေနေပြီဖြစ်ပြီး ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဖွင့်ပွဲကျင်းပသွားမည်ဟုဆို
Salai Benezer — ဟားခါးမြို့ ရေပေးဝေရေးအတွက် လုပ်ဆောင်နေသည့် သီမြစ် မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်အချို့ကို ရေစတင်ပေးဝေနေပြီး ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဖွင့်ပွဲကျင်းပသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။



“ကျနော်တို့က စမ်းသပ်တဲ့အနေနဲ့ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက တောက်လျှောက်တော့ပေးနေတယ်၊ အဲဒီ ရေပေးဝေရေးကိုလည်း ၂၅ရက်နေ့မှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ ကျနော်တို့ ပိုက်လိုင်းသွယ်တဲ့နေရာမှ အုပ်စု ၁၂ခုခွဲထားတာမှာ ၈ခုက ပြီးသွားပြီ၊ ၄ခုက ကျနော်တို့ဆက်လုပ်နေတယ်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။



ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းတွင် ကျန်ရှိနေသည့် အုပ်စု ၄ခုအတွက် ပိုက်ဝယ်ရန်အတွက် ဘဏ္ဍာငွေ ကျပ်သိန်း လေးထောင်ငါးရာကျော် လိုအပ်နေသေးသဖြင့် ဖွင့်ပွဲလုပ်မည့်အချိန်တွင် ပြီးစီး နိုင်မည်မဟုတ်ကြောင်း ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။



ရေပေးဝေရေးစီမံကိန်းမှ ဟားခါးမြို့ရှိ မြို့သစ် ရပ်ကွက်နှင့် ဈေးသစ်ရပ်ကွက် တစ်ခြမ်းမှ အိမ်ခြေပေါင်း ၁၉၅၆အိမ်အား တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပုံမှန်ရေပေးဝေနေပြီး ရေရှိနေသည့် အိမ်ခြေမှာ ၂၂၀၈အိမ်ရှိပြီး ဘတ်ဂျက်ရရှိပါက ချက်ခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် စည်ပင်တာဝန်ခံ ဦးတမ်အောင်ရှိန်းမှ ပြောသည်။



ဟားခါးမြို့ခံ ကိုထောင်ပီးမှ “ပိုက်သွယ်ထားတာတွေတော့ အိမ်ဘက်ကို ရောက်လာပြီ၊ သူတို့ စမ်းတာလား ဘာလားတော့မသိဘူး ရေတစ်ခါတစ်လေတော့လာတယ်၊ တစ်ခါလာရင် တစ်နာရီလောက်တော့လာတယ်၊ ဒါပေမဲ့ လာတဲ့ရေက သံချေးတက်နေတဲ့ အရောင်ဖြစ်နေတယ်၊ သုံးလို့မရဘူး”ဟု ပြောသည်။



သီမြစ်မြစ်ရေတင်စီမံကိန်းမှ ရေမှာ သီမြစ်ချောင်းအားပိတ်ကာ ဆည်တည်ဆောက် သိုလှောင်ထားသဖြင့် နွေရာသီတွင်လည်း ရေပုံမှန်ပေးဝေနိုင်မည်ပြီး ဖေဖော်ဝါရီလအထိ စမ်းသပ်ကာလအနေဖြင့် အခမဲ့ပေးဝေသွားမည်ဖြစ်ကာ မတ်လမှစတင်ပြီး ၁ယူနစ် ၆၀၀ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။



သီမြစ်မြစ်ရေတင်စီမံကိန်းမှာ စီမံကိန်းကာလအတွင်း တာဝန်ယူသည့် ကုမ္ပဏီများမှ သတ်မှတ်ထားသည့်ကာလအတွင်းမပြီးစီးနိုင်ခြင်း၊ အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်မပေးနိုင်ခဲ့သဖြင့် ပြီးစီးသင့်သည့်အချိန်ထက် နှစ်နှစ်ခန့်နောက်ကျနေခြင်းဖြစ်ကြောင်းသိရသည်။
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...