ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့်(၂)လထပ်မံ တိုးမြှင့်သော်လည်း လုံခြုံရေးဆောင်ရွက်ပေးမှု အပိုင်းတွင် အားနည်းနေဟုဒေသခံများဆို

ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့်(၂)လထပ်မံ တိုးမြှင့်သော်လည်း လုံခြုံရေးဆောင်ရွက်ပေးမှု အပိုင်းတွင် အားနည်းနေဟုဒေသခံများဆို

ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေးအရ ညမထွက်ရ အမိန့်ကို (၂)လထပ်မံ ထုပ်ပြန်သော်လည်း ဒေသအတွင်း လုံခြုံရေးချထားမှုပိုင်း အားနည်းနေသေးကြောင်း ဒေသခံများကပြောသည်။

ပလက်ဝဒေသခံတစ်ဦးက “လူမူရေးအရတော့ အခက်ခဲတွေတော့ရှိတယ်။ သာရေးနာရေးမှာဖြစ်ဖြစ် ။ လူမှုရေးပိုင်းမှာရောအနည်းနဲ့ အများ အခက်ခဲတော့ ရှိတယ်။ဒါပေမဲ့ လုံခြုံရေးအရ လုပ်တာဆိုတော့ ကောင်းပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြီးမှ လုံခြုံရေးကင်း အပြည့်ဝ မထည့် နိုင်တဲ့ဟာတွေ ရှိတယ်။ ညမထွက်ရအမိန့်ထုတ်ပြီးမှ ညကင်းလှည့် တာတွေ စတဲ့လုံခြုံရေးတွေ လည်းလုပ်သင့်တယ်။ ဘာလို့လည်း ဆိုတော့ ညမထွက်ရ တော့ မြို့မှာ လူသွားလူလာတွေ မရှိတော့ တချို့တွေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်”ဟုပြောသည်။

နယ်မြေ လုံခြုံရေးအရ ညနေ(၆)နာရီ မှ နံနက်(၆)နာရီအတွင်း ညမထွက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ကိုးရက်နေ့တွင် ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်မှာ ၂၀၂၀ ခုနှစ် (၁) လပိုင်း (၉)ရက်နေ့ အထိဟုသတ်မှတ် ခဲ့သော်လည်း လုံခြုံရေးအရ ထပ်မံ (၂)လ ထပ်တိုးလိုက် ကြောင်းသိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦး နေရာများတွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ(၅)ဦး (သို့) (၅)ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် အမိန့်ထုတ်စာတွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်လိုက်သည့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း အမိန့်စာအရ သိရသည်။

ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်ကြောင့် ခရစ်ယာန်များမှာ နှစ်စဉ်ကျင်းပလေ့ ရှိသော ခရစ်စမတ် ပွဲနှင့် နှစ်သစ်ကူးပွဲများကိုလည်း ယခင်နှစ်များကဲ့သို့ စည်ကားစွာ မကျင်းပနိုင်ကြောင်း ဒေသခံများကပြောသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...