မြန်မာနိုင်ငံကိုပို့ဆောင်မည့် ရိုဟင်ဂျာမူစလင်အမျိုးသမီး (၄) ဦး ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံကိုပို့ဆောင်မည့် ရိုဟင်ဂျာမူစလင်အမျိုးသမီး (၄) ဦး ထပ်မံဖမ်းဆီး

By မိုးကျော် - မြန်မာနိုင်ငံဘက်သို့ပို့ဆောင်မည့် ရိုဟင်ဂျာ မူစလင်အမျိူးသမီး (၄) ဦးကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် ဇူလိုင်လ (၄) နေ့ညက မီဇိုရမ်အာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့မှ မီဇိုရမ်ပြည်နယ် ပြေးဆွဲသော Maxi Cab ကားတစ်စီးပေါ်တွင် ရိုဟင်ဂျာမူစလင် အမျိုးသမီး ၄ ဦး တင်ဆောင်လာသည်ဟု ကြိုတင်သတင်းရရှိထားချက်အရ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ Durtlang နှင့် Bawngkawn ရပ်ကွက်ကြားတွင် စစ်ဆေးဖမ်းဆီခဲ့ပြီး Protective home တွင် ထိန်းသိမ်းထးသည်ဟု မီဇိုရမ်နေ့စဉ်ထု တ်သတင်းစာ The Zozam Time တွင် ဖော်ပြသည်။

အဆိုပါ ရိုဟင်ဂျာမူစလင်အမျိုးသမီး ၄ ဦးကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားသို့ ပြန်လည်ပို့ဆောင်ရန် ကားတစ်စီးသို့ အလွဲအပြောင်းပြုလုပ်နေသည့်အချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ၄ ဦးတို့မှာ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ကြပြီး၊ အသက်မပြည့် အမျိုးသမီး နှစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီး နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မီဇိုရမ်တွင် ရိုဟင်ဂျာမူစလင်အမျိုးသမီးဖမ်းဆီးမှု ပိုများလာပြီး Social Welfare department လက်အောက်တွင်ရှိသော Protective home တွင် ထိန်းသိမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် အသက်မပြည့် ရိုဟင်ဂျာမူစလင် အမျိုးသမီး ၈ ဦးအား မီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ကာကွယ် စောင့်ရှောက် ရေးဂေဟာတွင် ထိန်းသိမ်းထားရန် ကျန်ဖိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...