မြန်မာနိုင်ငံကိုပို့ဆောင်မည့် ရိုဟင်ဂျာမူစလင်အမျိုးသမီး (၄) ဦး ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံကိုပို့ဆောင်မည့် ရိုဟင်ဂျာမူစလင်အမျိုးသမီး (၄) ဦး ထပ်မံဖမ်းဆီး

By မိုးကျော် - မြန်မာနိုင်ငံဘက်သို့ပို့ဆောင်မည့် ရိုဟင်ဂျာ မူစလင်အမျိူးသမီး (၄) ဦးကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် ဇူလိုင်လ (၄) နေ့ညက မီဇိုရမ်အာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့မှ မီဇိုရမ်ပြည်နယ် ပြေးဆွဲသော Maxi Cab ကားတစ်စီးပေါ်တွင် ရိုဟင်ဂျာမူစလင် အမျိုးသမီး ၄ ဦး တင်ဆောင်လာသည်ဟု ကြိုတင်သတင်းရရှိထားချက်အရ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ Durtlang နှင့် Bawngkawn ရပ်ကွက်ကြားတွင် စစ်ဆေးဖမ်းဆီခဲ့ပြီး Protective home တွင် ထိန်းသိမ်းထးသည်ဟု မီဇိုရမ်နေ့စဉ်ထု တ်သတင်းစာ The Zozam Time တွင် ဖော်ပြသည်။

အဆိုပါ ရိုဟင်ဂျာမူစလင်အမျိုးသမီး ၄ ဦးကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားသို့ ပြန်လည်ပို့ဆောင်ရန် ကားတစ်စီးသို့ အလွဲအပြောင်းပြုလုပ်နေသည့်အချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ၄ ဦးတို့မှာ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ကြပြီး၊ အသက်မပြည့် အမျိုးသမီး နှစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီး နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မီဇိုရမ်တွင် ရိုဟင်ဂျာမူစလင်အမျိုးသမီးဖမ်းဆီးမှု ပိုများလာပြီး Social Welfare department လက်အောက်တွင်ရှိသော Protective home တွင် ထိန်းသိမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် အသက်မပြည့် ရိုဟင်ဂျာမူစလင် အမျိုးသမီး ၈ ဦးအား မီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ကာကွယ် စောင့်ရှောက် ရေးဂေဟာတွင် ထိန်းသိမ်းထားရန် ကျန်ဖိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...