ချင်းပြည်နယ်တွင် ဝန်ကြီးဌာနတစ်ခု ထပ်တိုးပြီး ဦးဖွေအားကို ဝန်ကြီးအဖြစ် ခန့်အပ်

ချင်းပြည်နယ်တွင် ဝန်ကြီးဌာနတစ်ခု ထပ်တိုးပြီး ဦးဖွေအားကို ဝန်ကြီးအဖြစ် ခန့်အပ်

ချင်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပြီး ကန်ပလက်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကို ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ် လိုက်သည်။

ဇူလိုင်လ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်းသော ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကို ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှတ်တော်က အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးဦးဖွေအားက “ လူစွမ်းအားအရင်းမြစ်ထဲမှာ ဘာတွေ ဘာဌာနလေးတွေပြန်ခွဲပေးမလဲဆိုတာမသိရသေးဘူး လူဝင်မှုကြီးကြပ်ရေးဌာနမှာဆိုရင် မှတ်ပုံတင်မရသေးတဲ့ အိမ်ထောင်စုစာရင်းမရသေးတဲ့ဟာတွေအများကြီးရှိသေးတယ် လေ၊ အဲဒါလေးတွေကိုတတ်နိုင်သလောက်ကူညီသွားမယ် လူ့စွမ်းအားအရင်းအမြစ်ထဲမှာတော့ ဘာတွေထည့်ပြီး ခွဲပေးမလဲဆိုတာ ဒီနေ့ ကက်ဘိနက်အစည်းအဝေးမှာ ဆွေးနွေးပြီးတော့ တာဝန်ခွဲပေးမှာပါ အတတ်နိုင်ဆုံး လူထုအတွက် ကျန်ရှိနေသေးဆဲ့သက်တမ်းအတွင်းမှာ ဆောင်ရွက်သွားမယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကလည်း မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းကို ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...