ချင်းပြည်နယ်တွင် ဝန်ကြီးဌာနတစ်ခု ထပ်တိုးပြီး ဦးဖွေအားကို ဝန်ကြီးအဖြစ် ခန့်အပ်

ချင်းပြည်နယ်တွင် ဝန်ကြီးဌာနတစ်ခု ထပ်တိုးပြီး ဦးဖွေအားကို ဝန်ကြီးအဖြစ် ခန့်အပ်

ချင်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပြီး ကန်ပလက်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကို ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ် လိုက်သည်။

ဇူလိုင်လ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်းသော ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကို ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှတ်တော်က အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးဦးဖွေအားက “ လူစွမ်းအားအရင်းမြစ်ထဲမှာ ဘာတွေ ဘာဌာနလေးတွေပြန်ခွဲပေးမလဲဆိုတာမသိရသေးဘူး လူဝင်မှုကြီးကြပ်ရေးဌာနမှာဆိုရင် မှတ်ပုံတင်မရသေးတဲ့ အိမ်ထောင်စုစာရင်းမရသေးတဲ့ဟာတွေအများကြီးရှိသေးတယ် လေ၊ အဲဒါလေးတွေကိုတတ်နိုင်သလောက်ကူညီသွားမယ် လူ့စွမ်းအားအရင်းအမြစ်ထဲမှာတော့ ဘာတွေထည့်ပြီး ခွဲပေးမလဲဆိုတာ ဒီနေ့ ကက်ဘိနက်အစည်းအဝေးမှာ ဆွေးနွေးပြီးတော့ တာဝန်ခွဲပေးမှာပါ အတတ်နိုင်ဆုံး လူထုအတွက် ကျန်ရှိနေသေးဆဲ့သက်တမ်းအတွင်းမှာ ဆောင်ရွက်သွားမယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကလည်း မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းကို ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...