မီဇိုရမ်ရောက် မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲပြုလုပ်

မီဇိုရမ်ရောက် မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲပြုလုပ်

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်ရှိ HIV/AIDS ရောဂါတိုက်ဖျက်ရေးအဖွဲ့ Samaritan Society of Mizoram ဦးဆောင်မှုဖြင့် အိုင်ဇောလ်ြမို့ Zuangtui ရပ်ကွက်ရှိ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲကို မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

မီဇိုရမ်ပြည်နယ် AIDS ရောဂါကာကွယ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) ၏ အစီအစဉ်အရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါဆိုင်ရာ အသိပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Samaritan Society of Mizoram အဖွဲ့ တာဝန်ခံ Mahmingi က ပြောသည်။

“မီဇိုရမ်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများထံ AIDS ရောဂါ အသိပေး ဟောပြောပွဲ များများပြုလုပ်ဖို့ MSACS အဖွဲ့မှ ညွှန်ကြားထားတယ်။ အဓိကတော့ ဒီရောဂါ မပြန့်ပွားအောင် ကာကွယ် နိုင်ဖို့အတွက်ဖြစ်တယ်” ဟုပြောသည်။

Samaritan Society of Mizoram အဖွဲ့၏ မှတ်တမ်းအရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ ပိုးတွေ့ရှိမှု သိပ်မရှိ သေးသော်လည်း မီဇိုရမ်ပြည်နယ်ရောက် ချင်းလူမျိုးများတွင် အဖြစ်များကြောင်း Mahmingi က ဆက်ပြောသည်။

“ကျမတို့ သွေးစစ်ဆေးချက်မှတ်တမ်းအရတော့ ဒီရောဂါဟာ မြန်မာရက်ကန်းသမားတွေမှာ အဖြစ်နည်းတယ်၊ ချင်းလူမျိုး တွေမှာ ပိုပြီး အဖြစ်များတယ်” ဟု Mahmingi ကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာရက်ကန်းသမား ၈၀၀ ကျော်ရှိသည့်အပြင် အလုပ်သမားများဖြစ်ကြသည့်အတွက် AIDS ရောဂါ အသိပေးဟောပြောပွဲကို သူတို့နေထိုင်ရာ ရက်ကန်းရုံများတွင် သွားရောက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ညတွင်လည်း Zuangtui ရပ်ကွက်ရှိ မြန်မာရက်ကန်းရုံတရုံတွင် Samaritan Society of Mizoram ဦးဆောင်မှုဖြင့် AIDS ရောဂါ အသိပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်း မီဇိုရမ်ပြည်နယ်သည် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးသော ပြည်နယ်ဖြစ်သည့်အတွက် Mizoram State AIDS Control Society (MSACS) အဖွဲ့မှ AIDS ရောဂါ ကာကွယ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် အသီးသီးတို့တွင် အသိပညာပေးဟောပြောပွဲများ၊ သွေးစစ်ခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...