မီဇိုရမ်ရောက် မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲပြုလုပ်

မီဇိုရမ်ရောက် မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲပြုလုပ်

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်ရှိ HIV/AIDS ရောဂါတိုက်ဖျက်ရေးအဖွဲ့ Samaritan Society of Mizoram ဦးဆောင်မှုဖြင့် အိုင်ဇောလ်ြမို့ Zuangtui ရပ်ကွက်ရှိ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ အသိပေးဟောပြောပွဲကို မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

မီဇိုရမ်ပြည်နယ် AIDS ရောဂါကာကွယ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) ၏ အစီအစဉ်အရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါဆိုင်ရာ အသိပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Samaritan Society of Mizoram အဖွဲ့ တာဝန်ခံ Mahmingi က ပြောသည်။

“မီဇိုရမ်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများထံ AIDS ရောဂါ အသိပေး ဟောပြောပွဲ များများပြုလုပ်ဖို့ MSACS အဖွဲ့မှ ညွှန်ကြားထားတယ်။ အဓိကတော့ ဒီရောဂါ မပြန့်ပွားအောင် ကာကွယ် နိုင်ဖို့အတွက်ဖြစ်တယ်” ဟုပြောသည်။

Samaritan Society of Mizoram အဖွဲ့၏ မှတ်တမ်းအရ မြန်မာရက်ကန်းသမားများထံ AIDS ရောဂါ ပိုးတွေ့ရှိမှု သိပ်မရှိ သေးသော်လည်း မီဇိုရမ်ပြည်နယ်ရောက် ချင်းလူမျိုးများတွင် အဖြစ်များကြောင်း Mahmingi က ဆက်ပြောသည်။

“ကျမတို့ သွေးစစ်ဆေးချက်မှတ်တမ်းအရတော့ ဒီရောဂါဟာ မြန်မာရက်ကန်းသမားတွေမှာ အဖြစ်နည်းတယ်၊ ချင်းလူမျိုး တွေမှာ ပိုပြီး အဖြစ်များတယ်” ဟု Mahmingi ကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာရက်ကန်းသမား ၈၀၀ ကျော်ရှိသည့်အပြင် အလုပ်သမားများဖြစ်ကြသည့်အတွက် AIDS ရောဂါ အသိပေးဟောပြောပွဲကို သူတို့နေထိုင်ရာ ရက်ကန်းရုံများတွင် သွားရောက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ညတွင်လည်း Zuangtui ရပ်ကွက်ရှိ မြန်မာရက်ကန်းရုံတရုံတွင် Samaritan Society of Mizoram ဦးဆောင်မှုဖြင့် AIDS ရောဂါ အသိပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်း မီဇိုရမ်ပြည်နယ်သည် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးသော ပြည်နယ်ဖြစ်သည့်အတွက် Mizoram State AIDS Control Society (MSACS) အဖွဲ့မှ AIDS ရောဂါ ကာကွယ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် အသီးသီးတို့တွင် အသိပညာပေးဟောပြောပွဲများ၊ သွေးစစ်ခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...