ဟားခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတချိူ့တွင် အသုံးပြုသည့်ကျောက်များ အရည်အသွေးမပြည့်မှီဟုဆို

ဟားခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတချိူ့တွင် အသုံးပြုသည့်ကျောက်များ အရည်အသွေးမပြည့်မှီဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဟာခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတချိူ့တည်ဆောက်သည့်နေရာမှာ အသုံးပြုသည့်ကျောက်များသည် အရည်အသွေးမပြည့်မှီသည့်အတွက် မတူပီချင်းလူငယ်များအဖွဲ့အစည်းမှ ကန့်ကွက်ကြောင်း သိရသည်။

ဟာခါး – မတူပီ ပြည်ထောင်စုလမ်းမကြီး မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအတွင်း ကတ္တရာခင်းရန် ကျောက်ကန်ထရိုက်တာ ဦးငိုင်လျန်မှ ချထားပေးသည့် ကျောက်ကျဉ်း (၈) ကျဉ်းမှာ အသုံးပြုရန် အရည်အသွေးမပြည့်မှီကြောင်း လမ်းအထူး (၁၂) မှ တာဝန်ရှိသူ J.E – Salai Calvin မှ မတူပီအခြေစိုက်ချင်းလူငယ်များအဖွဲ့ထံ လာရောက်ကြည့်ရှုစစ်ဆေးပေးရန် အကြောင်းကြားခဲ့ကြောင်းသိရသည်။

ထို့နောက် မတူပီချင်းလူငယ်များအဖွဲ့အစည်းမှ တာဝန်ရှိသူများသည် အဆိုပါဒေသသို့သွားရောက်ကာ လမ်းအတွက် အသုံးပြုမည့်ကျောက်များကို သွားရောက်စစ်ဆေးခဲ့ကြပြီး အရည်သွေးများမပြည့်မှီကြောင်း တွေ့ရှိ၍ လုံး၀ အသုံးမပြုကြရန် ပြောဆိုခဲ့ကြသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှသိရသည်။

ထို့အပြင် ဦးငိုင်လျန်၏ ကျောက်ထုတ်သည့်နေရာသို့ ဆက်လက်စစ်ဆေးကာ အရည်အသွေးမပြည့်မှီသောကျောက်များကို ထုတ်ယူသယ်ဆောင်ခြင်းမပြုရန်၊ လမ်းခင်းသည့်နေရာများတွင် အဆိုပါကျောက်များကို ဆက်လက်တွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားမည်ဖြစ်ကြောင်း ချင်းလူငယ်အဖွဲ့အစည်းမှ တာဝန်ရှိသူများက အသိပေးပြောဆိုခဲ့သည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...