NDA-K ခေါင်းဆောင်ဟောင်း ရွေးကောက်ပွဲ ထပ်မံ ယှဉ်ပြိုင်မည်

NDA-K ခေါင်းဆောင်ဟောင်း ရွေးကောက်ပွဲ ထပ်မံ ယှဉ်ပြိုင်မည်
by -
ကချင်သတင်းဌာန
ယခင် ဒီမိုကရေစီသစ်တပ်မတော်(ကချင်) NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းသည် လက်ရှိ ကချင်ပြည်နယ် အမိသားမျိုးလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ထပ်မံ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

စက်တင်ဘာ (၁၂)ရက်နေ့က NDA-K ဌာနချုပ်ဟောင်း ပန်ဝါမြို့တွင် ပြုလုပ်သော(၉) ကြိမ်မြောက် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့ သင်တန်းဆင်းပွဲတွင် ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲ ထပ်မံ ယှဉ်ပြိုင်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ် သင်တန်းကျောင်း စခန်းတွင် ပြုလုပ်သော သင်တန်းဆင်းပွဲသို့ လာရောက်ကြသည့် ပရိဿတ် ၁၀၀၀ ခန့်ကို ဦးဇခုန်တိန့်ယိန်းမှ အချိန် (၃) နာရီခန့် မိန့်ခွန်းပြောကြားခဲ့စဉ် လာမည့် ရွေးကောက်ပွဲမှာ သူ့ကိုသာ ထပ်မံ မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း ပန်ဝါဒေသခံများ ကချင်သတင်းဌာန KNG သို့ ပြောသည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ် အမှတ်(၄) မဲဆန္ဒနယ်မှ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်များ၏ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ပန်ဝါဒေသသို့ ဝင်ရောက်လာသည်။ ယခုလို KIA ၀င်ရောက်လာပြီးနောက် ၎င်း KIA တပ်ဖွဲ့များကို မောင်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဇခုန်တိန့်ယိန်း ဦးဆောင်ဖွဲ့စည်းပေးခဲ့သည်။

ယခုချိန် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့တွင် အင်အား ၁၀၀၀ ခန့်ရှိနေပြီး ဦးဇခုန်တိန့်ယိန်းသည် နာယက ဖြစ်သည်။

၂၀၀၉ က NDA-K တပ်ဖွဲ့များကို မြန်မာအစိုးရတပ် လက်အောက် နယ်ခြားစောင့်တပ်ရင်း (၃)ရင်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း အစိုးရ အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပန်ဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှမလုပ်ပေးကြောင်း ဧပြီလက ပြုလုပ်သော ပန်ဝါ လူထုရှင်းလင်းပွဲတွင် ဦးဇခုန်တိန့်ယိန်းက ဝေဖန်ခဲ့သည်။

ထို့ကြောင့် ယခင် NDA-K ထိန်းချုပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရသော မည်သည့် ပါတီနှင့်မဆို ပူးပေါင်းသွားမည်ဖြစ်သည်ဟု ပြည်သူ့စစ်သင်တန်းဆင်းပွဲတွင် ဦးဇခုန်တန့်ယိန်းက ပြောကြားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...