သေဆုံးသူများမှာ ဦးဘမော်(၂၉) နှစ် ၊ ဦးကြက်ဖော်အောင်(၄၅) နှစ် တို့သည် မေလ ၂၀ ရက်နေ့တွင်ပင် သေဆုံးသွားပြီး ၊ ဦးလှဖြူချေ(၃၆) နှစ် သည် မေလ ၂၂ ရက်နေ့တွင် သေဆုံးသွားသည် ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၀ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည် ဟု ဦးဖြူသာထွန်းက ပြောသည်။
“ ညဥ့် ၁၀ နာရီမှာ သူတို့ အလုပ်လုပ်ကြတာ အနံတွေကြောင့် မူးပြီး ပြုတ်ကျတာလို့ ထင်တယ်။ ပြုတ်ကျတာက ၄ ယောက်မှာ ၃ ယောက်သေဆုံးသွားတာ” ဟု ဦးဖြူသာထွန်းက ဆက်လက်ပြောသည်။
ထအိမ်ရှင်ဖြစ်သူ ဦးအောင်ထွီးမှ ကျသည့် ငွေ ပမာဏကို ပေးချေရန် အတွက် အိမ်ပေါ်သို့တက်သွားစဉ် ၎င်းသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိလ္လာတွင်းသို့ ပြုတ်ကျစဉ် အရပ်မှ လူ ၅ ဦးကို သွားရောက် ခေါ်ဆောင်ပြီး ကယ်ဆယ်ခဲ့ကြသည် ဟု ဆက်လက်၍ ပြောသည်။
အဆိုပါ ဖြစ်စဉ်ကို မြောက်ဦးမြို့ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်ပြီး အရေးယူဆောင်ရွက်ထားသည် ဟု သိရသည်။







