ဂွကို အာဏာသိမ်းစစ်တပ် ဗုံးကြဲ

ဂွကို အာဏာသိမ်းစစ်တပ် ဗုံးကြဲ

ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။

မေလ ၆ ရက် နေ့လယ် ၂ အချိန်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် တစ်ကြိမ်၊ ၄ နာရီ ၄၀ ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့်တစ်ကြိမ်  ဗုံးအလုံး တစဆယ်ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခင် စစ်တပ် တပ်ရင်းဟောင်း ၅၆၃ အနီးပတ်ဝန်းကျင်ကို ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးကြောင်း ဂွဒေသခံတစ်ဦးက ပြောသည်။

“အရင်စစ်တပ် တပ်ရင်းဟောင်း ၅၆၃ အနောက်ဖက်ကို ကျတယ်လို့ ခန့်မှန်းရတယ်။ ပထမတစ်ကြိမ်ပစ်ပြီးတော့ Y 12 နဲ့ တစ်နာရီလောက် ပျံဝဲနေခဲ့တယ်။ ပြီးမှ ဂျက်နဲ့ နောက်တခေါက်လာပစ်တာ။ ဒေသခံတွေကတော့ တော်တော်စိုးရိမ်မှုတွေရှိနေကြပါတယ်” ဟု ပြောသည်။

လေကြောင်းဗုံးကြဲမှု ၊ လေကြောင်းဖြင့် မကြာခဏ ကင်းထောက်မှုများကြောင့်ဒေသခံများအကြားစိုးရိမ်မှု မြင့်တက်ကြောင်း ဂွဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

“ ညဖက်တွေဆိုလည်း Y12 နဲ့ ပတ်ပြီး လည်နေတော့ ဘယ်အချိန်ချမလဲ။ ဘာဖြစ်လာမလဲကိုရင်တမမနဲ့ ။ ဗုံးမချခဲ့ရင်တောင် ထပ်လာမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ အိပ်မပျော်တော့ဘူး။ စိုးရိမ်သောကတွေနဲ့ပဲ နေနေကြရတာပေါ့” ဟု ပြောသည်။

မြန်မာစစ်တပ်သည် ဂွမြို့ကို ပြန်လည်စိုးမိုးနိုင်ရန် ရည်ရွယ်ပြီး လေတပ်ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခြင်း၊ နေဗီမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်နေသည်။

ဧပြီလ ၁၉ ရက်က ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့ကို စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရှိသွားသည်ဟု အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ကလည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် သံတွဲမြို့အနီးပတ်ဝန်းကျင်ကိုဗုံးကြဲလို့ ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ 

Most read this week

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...