မြောက်ဦးမြို့တွင် မိလ္လာတွင်းထဲ ပြုတ်ကျရာမှ အသက်ရှုကျပ်ပြီး လူ ၃ဦးသေဆုံး

မြောက်ဦးမြို့တွင် မိလ္လာတွင်းထဲ ပြုတ်ကျရာမှ အသက်ရှုကျပ်ပြီး လူ ၃ဦးသေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်တွင် မိလ္လာတွင်းထဲ ပြုတ်ကျ၍ လူ၃ ဦး သေဆုံးသွားသည် ဟု အောင်တပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖြူသာထွန်း က အတည်ပြုပြောကြားသည်။

သေဆုံးသူများမှာ ဦးဘမော်(၂၉) နှစ် ၊ ဦးကြက်ဖော်အောင်(၄၅) နှစ် တို့သည် မေလ ၂၀ ရက်နေ့တွင်ပင် သေဆုံးသွားပြီး ၊ ဦးလှဖြူချေ(၃၆) နှစ် သည် မေလ ၂၂ ရက်နေ့တွင် သေဆုံးသွားသည် ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၀ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည် ဟု ဦးဖြူသာထွန်းက ပြောသည်။

“ ညဥ့် ၁၀ နာရီမှာ သူတို့ အလုပ်လုပ်ကြတာ အနံတွေကြောင့် မူးပြီး ပြုတ်ကျတာလို့ ထင်တယ်။ ပြုတ်ကျတာက ၄ ယောက်မှာ ၃ ယောက်သေဆုံးသွားတာ” ဟု ဦးဖြူသာထွန်းက ဆက်လက်ပြောသည်။

ထအိမ်ရှင်ဖြစ်သူ ဦးအောင်ထွီးမှ ကျသည့် ငွေ ပမာဏကို ပေးချေရန် အတွက် အိမ်ပေါ်သို့တက်သွားစဉ် ၎င်းသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိလ္လာတွင်းသို့ ပြုတ်ကျစဉ် အရပ်မှ လူ ၅ ဦးကို သွားရောက် ခေါ်ဆောင်ပြီး ကယ်ဆယ်ခဲ့ကြသည် ဟု ဆက်လက်၍ ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို မြောက်ဦးမြို့ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်ပြီး အရေးယူဆောင်ရွက်ထားသည် ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...