AA အောင်မြင်ရတဲ့အကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖွင့်ဟ

AA အောင်မြင်ရတဲ့အကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖွင့်ဟ

အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး ကျွမ်းကျင်မှုရှိတဲ့ အာရက္ခစစ်သည်တွေကြောင့်လို့ပြောဆိုလိုက်ပါတယ်။

ရက္ခိုင်ပြည် နေရာတခုမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat ရဲ့ အိန္ဒိယသတင်းထောက် Rajeev Bhattacharyya နဲ့ တွေ့ဆုံခဲ့စဉ်မှာ ခုလို အေအေရဲ့ အောင်မြင်ရတဲ့ အကြောင်းအရင်းကို ခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင်ပြည်က မတူကွဲပြားတဲ့ အသိုက်အဝန်းတွေကြားထဲမှာ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ခဲ့သလို နယ်မြေအနေအထားကလည်း အရေးပါတဲ့ အချက်တခုဖြစ်တယ်လို့ပြောဆိုပါတယ်။

အဖွဲ့တခုလုံးမှာ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်နိုင်ခဲ့သလိုသစ္စာရှိတဲ့လူတွေ အများကြီးရှိတာကြောင့်တက်ညီလက်ညီ လုပ်ဆောင်နိုင်ခဲ့အတွက်အခုလို အောင်မြင်မှုရခဲ့တယ်လို့ ဆိုပါတယ်။

ထပ်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်က "ကျွန်တော်တို့မှာအောင်မြင်မှုတွေ အများကြီးရှိပေမဲ့ ဒါဟာ ထူးထူးခြားခြားအောင်မြင်တဲ့အဆင့်ကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့မှာ ရှိတဲ့အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို စနစ်တကျစီမံပြီး စိတ်ရှည်သည်းခံမှုနဲ့ရှေ့ဆက်သွားရမှာပါ” လို့လည်းပြောပါတယ်။ 

ဒါ့ပြင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာလည်း မြန်မာစစ်တပ် အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာဖြစ်တယ်လို့လည်းပြောဆိုသွားပါတယ်။ 

မြန်မာစစ်တပ်ကအသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေပေမဲ့ အဲဒီလိုဖိအားမျိုးကို အေအေအနေနဲ့ အလျော့ပေးမှာ မဟုတ်ပါဘူးလို့ဆိုပါတယ်။ 

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးလည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့မျှော်လင့်သလိုဘင်္ဂလားဒေ့ရှ်နဲ့ အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ရက္ခိုင်ပြည်သူ့တော်လှန်ရေးအစိုးရကို အသိအမှတ်ပြုဖို့လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလိုရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေချင်ပါတယ်လို့လည်းပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...