၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် အခွန်ဆိုင်ရာရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်

၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် အခွန်ဆိုင်ရာရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာဗဟုသုတများ တိုးပွားစေပြီး မိမိတို့၏ ဆန္ဒအလျှောက် အခွန်ပေးဆောင်ရန်ရည်ရွယ်၍ ၂ဝ၁၇ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေနှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲတွင် ရခိုင်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

“လက်ရှိအချိန်မှာတော့ အခွန်ထမ်းတွေ မိမိဆန္ဒအလျောက်အခွန်ပေးဆောင်နိုင်အောင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးနဲ့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)ရုံးကို ရန်ကုန်မြို့မှာ ဖွင့်လှစ် ဆောက်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ဌာနအနေနဲ့ အမြန်အကောင်အထည်ဖော်ဆောက်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းအောင်ညိုက ပြောသည်။

အခန်းအနားတွင် ရခိုင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းအောင်ညိုမှ အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းမှ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန် ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လူသည့် အခွန်ထမ်းများမှလည်း မရှင်းလင်းသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...