“လက်ရှိအချိန်မှာတော့ အခွန်ထမ်းတွေ မိမိဆန္ဒအလျောက်အခွန်ပေးဆောင်နိုင်အောင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးနဲ့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)ရုံးကို ရန်ကုန်မြို့မှာ ဖွင့်လှစ် ဆောက်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ဌာနအနေနဲ့ အမြန်အကောင်အထည်ဖော်ဆောက်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းအောင်ညိုက ပြောသည်။
အခန်းအနားတွင် ရခိုင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းအောင်ညိုမှ အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းမှ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန် ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လူသည့် အခွန်ထမ်းများမှလည်း မရှင်းလင်းသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။







