ကျောက်ဖြူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြတ်တိုးနိုင် (သံချောင်း) ကွယ်လွန်

ကျောက်ဖြူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြတ်တိုးနိုင် (သံချောင်း) ကွယ်လွန်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့မှ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးမြတ်တိုးနိုင် (သံချောင်း) (၅၄) နှစ် သည်  မေ ၁၆တွင် ကျောက်ကပ်ရောဂါဖြင့် ကျောက်ဖြူမြို့နယ် ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

njr1701ဦးမြတ်တိုးနိုင် (သံချောင်း) သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလေး အရေးတော်ပုံအတွင်း ကျောက်ဖြူ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ရခိုင်ကျောင်းသားများ ဖွဲ့စည်းခဲ့သော ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ် (၁၉၈၈-၈၉) တွင်လည်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

လက်ရှိ ကွယ်လွန်ချိန်ထိ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံဖြိုးရေးအဖွဲ့တွင် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဦးမြတ်တိုးနိုင် (သံချောင်း ) သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ် ၄၈ ဦးဥတ္တမလမ်း၊ အလယ်ပိုင်းရပ်ကွက်နေ (ဦးမောင်ချစ်)၊ (ဒေါ်ခင်ကြီး) တို့၏သား ဖြစ်ပြီး ဒေါ်ခင်မြတ်မွန် ဒေါ်ခင်မာတူးတို့၏မောင် ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြင့်မြင့်သိန်း၊ သား မောင်မြတ်ထွန်းသိန်း (ဒုတိယနှစ်၊ ဥပဒေ၊ ရန်ကုန်တက္ကသိုလ်) တို့ ကျန်ရစ်ခဲ့သည်။

ဦးမြတ်တိုးနိုင် (သံချောင်း ) ကွယ်လွန်သွားသည်ကို သိရှိရပါသဖြင့် သူ၏မိသားစုများ၊ သူ၏ လုပ်ဖော်ကိုင်ဘက် ဖြစ်ကြသည့် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း နိရဥ္စရာသတင်းဌာနမှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...