ဦးမြတ်တိုးနိုင် (သံချောင်း) သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလေး အရေးတော်ပုံအတွင်း ကျောက်ဖြူ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ရခိုင်ကျောင်းသားများ ဖွဲ့စည်းခဲ့သော ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ် (၁၉၈၈-၈၉) တွင်လည်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
လက်ရှိ ကွယ်လွန်ချိန်ထိ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံဖြိုးရေးအဖွဲ့တွင် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဦးမြတ်တိုးနိုင် (သံချောင်း ) သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ် ၄၈ ဦးဥတ္တမလမ်း၊ အလယ်ပိုင်းရပ်ကွက်နေ (ဦးမောင်ချစ်)၊ (ဒေါ်ခင်ကြီး) တို့၏သား ဖြစ်ပြီး ဒေါ်ခင်မြတ်မွန် ဒေါ်ခင်မာတူးတို့၏မောင် ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြင့်မြင့်သိန်း၊ သား မောင်မြတ်ထွန်းသိန်း (ဒုတိယနှစ်၊ ဥပဒေ၊ ရန်ကုန်တက္ကသိုလ်) တို့ ကျန်ရစ်ခဲ့သည်။
ဦးမြတ်တိုးနိုင် (သံချောင်း ) ကွယ်လွန်သွားသည်ကို သိရှိရပါသဖြင့် သူ၏မိသားစုများ၊ သူ၏ လုပ်ဖော်ကိုင်ဘက် ဖြစ်ကြသည့် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း နိရဥ္စရာသတင်းဌာနမှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။







