ဘင်္ဂလာဒေ့ရှ် လေယာဉ် တစ်စီး မြန်မာဘက်ကို ၀င်ရောက်ပျံသန်းမှု ဖြစ်ပွားခဲ့

ဘင်္ဂလာဒေ့ရှ် လေယာဉ် တစ်စီး မြန်မာဘက်ကို ၀င်ရောက်ပျံသန်းမှု ဖြစ်ပွားခဲ့
by -
နိရဥ္စရာ
ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ လေယာဉ် တစ်စင်းသည် မြန်မာနိုင်ငံ ပိုင်နက်ထဲကို ၀င်ရောက်ပြီး အနိမ့်ပိုင်းမှ ဖြတ်ကျော် ပျံသန်းသွားခဲ့သည်ဟု သတင်းရရှိသည်။

njr1501“ ပျံသန်းတာက နိမ့်နိမ့်က ပျံသန်းတာဆိုတော့ အသံတွေကို မြည်ဟီးပြီး လူတွေက အထိတ်တစ်လန့် ဖြစ်သွားကြပါတယ်။ လူတွေက အပြင်ထွက်ကြည့်ကြတော့ ဘင်္ဂလာဒေ့ရှ်ဘက်က ခရီးသည်တင် လေယာဉ် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

၎င်းလေယာဉ်သည် မီးတိုက်ကျေးရွာနှင့် နံ့သာတောင် ကျေးရွာအကြား ကိုက် ၅၀၀ ခန့် မြန်မာပြည်ပိုင်နက်ထဲ ၀င်ရောက် ပျံသန်းသွားခဲ့သည်ဟု ဆိုသည်။

“ ဒီကိစ္စကိုတော့ တောင်ပြိုနယ်ခြားစောင့် တပ်ကနေ အထက်ကို အကြောင်းကြားတယ်လို့ သိရပါတယ်။ အထက်က ဘယ်လို ဆောင်ရွက်မလဲဆိုတာကို မသိရသေးဘူး” ဟု အမည် မဖော်လိုသူ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေ့ရှ်ဘက်တွင် ရာသီဥတု ဆိုးရွားနေရာမှ မြန်မာဘက်သို့ ယခုလို နယ်နမိတ်ကျော်လွန် ၀င်ရောက်လာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မိကြောင်း ၎င်း အစိုးရ ၀န်ထမ်းက ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...