“ ပျံသန်းတာက နိမ့်နိမ့်က ပျံသန်းတာဆိုတော့ အသံတွေကို မြည်ဟီးပြီး လူတွေက အထိတ်တစ်လန့် ဖြစ်သွားကြပါတယ်။ လူတွေက အပြင်ထွက်ကြည့်ကြတော့ ဘင်္ဂလာဒေ့ရှ်ဘက်က ခရီးသည်တင် လေယာဉ် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
၎င်းလေယာဉ်သည် မီးတိုက်ကျေးရွာနှင့် နံ့သာတောင် ကျေးရွာအကြား ကိုက် ၅၀၀ ခန့် မြန်မာပြည်ပိုင်နက်ထဲ ၀င်ရောက် ပျံသန်းသွားခဲ့သည်ဟု ဆိုသည်။
“ ဒီကိစ္စကိုတော့ တောင်ပြိုနယ်ခြားစောင့် တပ်ကနေ အထက်ကို အကြောင်းကြားတယ်လို့ သိရပါတယ်။ အထက်က ဘယ်လို ဆောင်ရွက်မလဲဆိုတာကို မသိရသေးဘူး” ဟု အမည် မဖော်လိုသူ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။
ဘင်္ဂလာဒေ့ရှ်ဘက်တွင် ရာသီဥတု ဆိုးရွားနေရာမှ မြန်မာဘက်သို့ ယခုလို နယ်နမိတ်ကျော်လွန် ၀င်ရောက်လာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မိကြောင်း ၎င်း အစိုးရ ၀န်ထမ်းက ပြောကြားသည်။







