ဇင်ချောင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်

ဇင်ချောင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်
by -
နိရဥ္စရာ
ကျောက်ဖြူ မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ခွဲဝေချထားပေးသည့် CNJ အမျိုးအစား မီးသတ်ယာဉ်တစ်စီးကို ဇင်ချောင်းနယ်မြေမီး သတ်စခန်းသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေလ(၉) ရက်နေ့က ဇင်ချောင်းရဲကင်းစခန်း ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလင်းမှ မီးသတ်ယာဉ်အား လွှဲပြောင်းပေးအပ်ခြင်း၊ မီးသတ်ယာဉ်ရာဇဝင်စာအုပ် လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဇင်ချောင်းနယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူ း ဦးချစ်ကိုကို ဇင်ချောင်း ရဲကင်းစခန်း စခန်းမှူ း ရဲအုပ် ခင်မောင်ဝင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံ ဆောင်ရွက်ခဲ့သည်။

မီးသတ်ယဉ်အား လက်ခံဆောင်ရွက်ခဲ့ပြီးနောက် လက်တွေ့စမ်းသပ်သရုပ်ပြသခြင်းပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ ကျောက်ဖြူ မြို့နယ် မီးသတ်ဦးစီးမှူ း ဦးစီးအရာရှိ ဦးစည်သူလင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်ယဉ် ရစီး၊ စနဲမြို့မီးသတ်စခန်းအတွက် ၁စီးရှိပြီး ဇင်ချောင်းနယ်မြေမီးသတ်စခန်း အတွက် ၁ စီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...