ဇင်ချောင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်

ဇင်ချောင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်
by -
နိရဥ္စရာ
ကျောက်ဖြူ မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ခွဲဝေချထားပေးသည့် CNJ အမျိုးအစား မီးသတ်ယာဉ်တစ်စီးကို ဇင်ချောင်းနယ်မြေမီး သတ်စခန်းသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေလ(၉) ရက်နေ့က ဇင်ချောင်းရဲကင်းစခန်း ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလင်းမှ မီးသတ်ယာဉ်အား လွှဲပြောင်းပေးအပ်ခြင်း၊ မီးသတ်ယာဉ်ရာဇဝင်စာအုပ် လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဇင်ချောင်းနယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူ း ဦးချစ်ကိုကို ဇင်ချောင်း ရဲကင်းစခန်း စခန်းမှူ း ရဲအုပ် ခင်မောင်ဝင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံ ဆောင်ရွက်ခဲ့သည်။

မီးသတ်ယဉ်အား လက်ခံဆောင်ရွက်ခဲ့ပြီးနောက် လက်တွေ့စမ်းသပ်သရုပ်ပြသခြင်းပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ ကျောက်ဖြူ မြို့နယ် မီးသတ်ဦးစီးမှူ း ဦးစီးအရာရှိ ဦးစည်သူလင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်ယဉ် ရစီး၊ စနဲမြို့မီးသတ်စခန်းအတွက် ၁စီးရှိပြီး ဇင်ချောင်းနယ်မြေမီးသတ်စခန်း အတွက် ၁ စီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...