ကျောက်ဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလင်းမှ မီးသတ်ယာဉ်အား လွှဲပြောင်းပေးအပ်ခြင်း၊ မီးသတ်ယာဉ်ရာဇဝင်စာအုပ် လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဇင်ချောင်းနယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူ း ဦးချစ်ကိုကို ဇင်ချောင်း ရဲကင်းစခန်း စခန်းမှူ း ရဲအုပ် ခင်မောင်ဝင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံ ဆောင်ရွက်ခဲ့သည်။
မီးသတ်ယဉ်အား လက်ခံဆောင်ရွက်ခဲ့ပြီးနောက် လက်တွေ့စမ်းသပ်သရုပ်ပြသခြင်းပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ ကျောက်ဖြူ မြို့နယ် မီးသတ်ဦးစီးမှူ း ဦးစီးအရာရှိ ဦးစည်သူလင်းနှင့် ရပ်မိရပ်များ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်ယဉ် ရစီး၊ စနဲမြို့မီးသတ်စခန်းအတွက် ၁စီးရှိပြီး ဇင်ချောင်းနယ်မြေမီးသတ်စခန်း အတွက် ၁ စီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။







