ဒုတိယအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေတွင် ပြုလုပ်

ဒုတိယအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒုတိအကြိမ်မြောက်မရမာကြီးအမျိုးသားနေ့ကို မေလ ၁၀ ရက် နံနက် ၉ နာရီ မှ စတင်ပြီး စစ်တွေ ကျောင်းတက်လမ်းရပ်ကွက် ကုန်သည်လမ်းရှိ မရာမာကြီး ဘုန်းတော်ကြီး ကျောင်းဟောင်းတွင် ပြုလုပ်ခဲ့သည်။

မရမာကြီးအမျိုးသားနေ့ကို မရာမာကြီးလူငယ် ကွန်ယက် စတင်ဖွဲ့စည်းခဲ့သည့် နေကို သတ်မှတ်ထားကြောင်း မရမာကြီး အမျိုးသားနေ့ ဖြစ်မြောက်ရေး အတွင်းရေးမှူး ကိုသန်းထွန်းက ပြောသည်။

“ တစ်မျိုးသားလုံးစည်းလုံးညီညွှတ်စေရန်နဲ့ လူနေမှု အဆင့်အတန်းမြှင့်မားစေရန်အတွက် မရာမာကြီး အမျိုးသားနေ့ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်တယ်” ဟု မရမာကြီး အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ကိုသန်းထွန်းက ဆက်လက်ပြောသည်။

မရမာကြီးလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် လူမျိုး တစ်မျိုး ဖြစ်သည်။

အခမ်းအနားသို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ရခိုင်မျိုးနွယ်စု ၀င်များတက်ရောက်ခဲ့ကြပြီး နောက်နှစ်တွင် ကျရောက်မည့် မရာမာကြီးအမျိုးသားနေ့ကို မင်းပြားမြို့တွင် ပြုလုပ်သွားမည် ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...