မရမာကြီးအမျိုးသားနေ့ကို မရာမာကြီးလူငယ် ကွန်ယက် စတင်ဖွဲ့စည်းခဲ့သည့် နေကို သတ်မှတ်ထားကြောင်း မရမာကြီး အမျိုးသားနေ့ ဖြစ်မြောက်ရေး အတွင်းရေးမှူး ကိုသန်းထွန်းက ပြောသည်။
“ တစ်မျိုးသားလုံးစည်းလုံးညီညွှတ်စေရန်နဲ့ လူနေမှု အဆင့်အတန်းမြှင့်မားစေရန်အတွက် မရာမာကြီး အမျိုးသားနေ့ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်တယ်” ဟု မရမာကြီး အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ကိုသန်းထွန်းက ဆက်လက်ပြောသည်။
မရမာကြီးလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် လူမျိုး တစ်မျိုး ဖြစ်သည်။
အခမ်းအနားသို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ရခိုင်မျိုးနွယ်စု ၀င်များတက်ရောက်ခဲ့ကြပြီး နောက်နှစ်တွင် ကျရောက်မည့် မရာမာကြီးအမျိုးသားနေ့ကို မင်းပြားမြို့တွင် ပြုလုပ်သွားမည် ဟု သိရသည်။







