ပုဏ္ဍားကျွန်း ကွမ်းတောင်မှ ကျောက်တော်မြို့သို့ ရထားပြန်လည်ပြေးဆွဲ

ပုဏ္ဍားကျွန်း ကွမ်းတောင်မှ ကျောက်တော်မြို့သို့ ရထားပြန်လည်ပြေးဆွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်ရှိ ၂၀၁၅ ခုနှစ် ရေကြီးမှုကြောင့် လမ်းပျက်စီးသွားသဖြင့်ရပ်နားထားခဲ့ရသော ပုဏ္ဍားကျွန်းမြို့နယ် ကွမ်းတောင်နှင့် ကျောက်တော်ရထားလမ်းပိုင်းကို ယခုအခါ ရထားပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဏ္ဍားကျွန်းမြို့နယ် ကဏန်းတောင်နှင့် ကျောက်တော်ကြား သဘာဝဘေးအန္တရာယ်ကြောင့် တံတားကျိုးကျကာ ရထားလမ်း ရေတိုက်စားမှုများ ဖြစ်ခဲ့ပြီး ရထားပြေးဆွဲမှု ရပ်ဆိုင်းထားခဲ့ရသည် ဟု စီမံကိန်း မန်နေဂျာ ဦးဝင်းထွဋ် က နိရဥ္စရာ သို့ ပြောသည်။

“ ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ပြုပြင်ပြီးစီးတဲ့ ၂၀၁၇ ဧပြီ တတိယပတ်မှာ ပြည်လည် ပြေးဆွဲ ခဲ့တယ် ” ဟု ဦးဝင်းထွဋ်က ပြောသည်။

ရထားလမ်း ပြန်လည်ပြုလုပ်ရာတွင် ၄၀ ပေ တံတားတစ်စင်းနှင့် မြေကြီးတာပေါင်များ ဆည်ပြီး ပြုလုပ်ခဲ့ရသည် ဟု ဆက်လက်ပြောသည်။

အဆိုပါ ရေကြီးမှုကြောင့် ရထားလမ်းပျက်ဆီး ပြတ်တောက်သွားပြီး ပြုပြင်ရန်အတွက် ဘတ်ဂျတ် သန်း ၂၄၀ ချပေးထားသည် ဟုလည်း ဦးဝင်းထွဋ် ဆိုသည်။

အဆိုပါ ရထားလမ်းပိုင်းသည် စစ်တွေ-အမ်း-မင်းဘူးရထားလမ်းပေါ်တွင် တည်ရှိပြီး စစ်တွေ-အမ်း-မင်းဘူးရထားလမ်းမှာ စီမံကိန်းမူ ဘတ်ဂျက်မရှိသဖြင့် ရပ်နားထားရသည်မှာ နှစ်နှင့်ချီပြီး ကြာမြှင့်နေပြီဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...