ပုဏ္ဍားကျွန်း ကွမ်းတောင်မှ ကျောက်တော်မြို့သို့ ရထားပြန်လည်ပြေးဆွဲ

ပုဏ္ဍားကျွန်း ကွမ်းတောင်မှ ကျောက်တော်မြို့သို့ ရထားပြန်လည်ပြေးဆွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်ရှိ ၂၀၁၅ ခုနှစ် ရေကြီးမှုကြောင့် လမ်းပျက်စီးသွားသဖြင့်ရပ်နားထားခဲ့ရသော ပုဏ္ဍားကျွန်းမြို့နယ် ကွမ်းတောင်နှင့် ကျောက်တော်ရထားလမ်းပိုင်းကို ယခုအခါ ရထားပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဏ္ဍားကျွန်းမြို့နယ် ကဏန်းတောင်နှင့် ကျောက်တော်ကြား သဘာဝဘေးအန္တရာယ်ကြောင့် တံတားကျိုးကျကာ ရထားလမ်း ရေတိုက်စားမှုများ ဖြစ်ခဲ့ပြီး ရထားပြေးဆွဲမှု ရပ်ဆိုင်းထားခဲ့ရသည် ဟု စီမံကိန်း မန်နေဂျာ ဦးဝင်းထွဋ် က နိရဥ္စရာ သို့ ပြောသည်။

“ ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ပြုပြင်ပြီးစီးတဲ့ ၂၀၁၇ ဧပြီ တတိယပတ်မှာ ပြည်လည် ပြေးဆွဲ ခဲ့တယ် ” ဟု ဦးဝင်းထွဋ်က ပြောသည်။

ရထားလမ်း ပြန်လည်ပြုလုပ်ရာတွင် ၄၀ ပေ တံတားတစ်စင်းနှင့် မြေကြီးတာပေါင်များ ဆည်ပြီး ပြုလုပ်ခဲ့ရသည် ဟု ဆက်လက်ပြောသည်။

အဆိုပါ ရေကြီးမှုကြောင့် ရထားလမ်းပျက်ဆီး ပြတ်တောက်သွားပြီး ပြုပြင်ရန်အတွက် ဘတ်ဂျတ် သန်း ၂၄၀ ချပေးထားသည် ဟုလည်း ဦးဝင်းထွဋ် ဆိုသည်။

အဆိုပါ ရထားလမ်းပိုင်းသည် စစ်တွေ-အမ်း-မင်းဘူးရထားလမ်းပေါ်တွင် တည်ရှိပြီး စစ်တွေ-အမ်း-မင်းဘူးရထားလမ်းမှာ စီမံကိန်းမူ ဘတ်ဂျက်မရှိသဖြင့် ရပ်နားထားရသည်မှာ နှစ်နှင့်ချီပြီး ကြာမြှင့်နေပြီဟု သိရသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...