ဗန္ဓုလစခန်းတွင် စစ်သားတစ်ဦး မိမိကိုယ်ကို သတ်သေသွားဟုရွာသားများကဆို

ဗန္ဓုလစခန်းတွင် စစ်သားတစ်ဦး မိမိကိုယ်ကို သတ်သေသွားဟုရွာသားများကဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး ဘင်္ဂလာဒေ့ရှ်နှင့် ကပ်ရပ် မောင်တောမြို့နယ် မြောက်ပိုင်း ဗန္ဓုလ စခန်းကုန်းတွင် စစ်သား တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများနှင့် နီးစပ်သူများက ပြောသည်။

၎င်းစစ်သားမှာ စစ်ကြောင်း(၃)၊ ဘူးသီးတောင် အခြေစိုက် (၂၃၃) တပ်ရင်းမှ ဖြစ်ကြောင်း၊ မေလ ၂ ရက်နေ့ ညနေ ၃ နာရီနှင့် ၄ နာရီကြားတွင် ဖြစ်ပွားခဲ့ကြောင်း၊ ၀မ်းဗိုလ် တစ်ခုလုံးပွင့်ထွက်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူ မျက်မြင် တစ်ဦးက ပြောဆိုသည်။

“ ဒဏ်ရာနဲ့ မောင်တောဆေးရုံကို ယူသွားရာမှာ လမ်းမှာ ဆုံးသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုလို ကျေးရွာသားများက သတင်းပေးပို့သော်လည်း အဆိုပါ သတင်းနှင့် ပတ်သက်ပြီး စစ်တပ်ဘက်ကို မေးမြန်းနိုင်ခြင်း မရှိသဖြင့် နိရဥ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...