Published
Thursday, May 04, 2017
ဗန္ဓုလစခန်းတွင် စစ်သားတစ်ဦး မိမိကိုယ်ကို သတ်သေသွားဟုရွာသားများကဆို
ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး ဘင်္ဂလာဒေ့ရှ်နှင့် ကပ်ရပ် မောင်တောမြို့နယ် မြောက်ပိုင်း ဗန္ဓုလ စခန်းကုန်းတွင် စစ်သား တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများနှင့် နီးစပ်သူများက ပြောသည်။
၎င်းစစ်သားမှာ စစ်ကြောင်း(၃)၊ ဘူးသီးတောင် အခြေစိုက် (၂၃၃) တပ်ရင်းမှ ဖြစ်ကြောင်း၊ မေလ ၂ ရက်နေ့ ညနေ ၃ နာရီနှင့် ၄ နာရီကြားတွင် ဖြစ်ပွားခဲ့ကြောင်း၊ ၀မ်းဗိုလ် တစ်ခုလုံးပွင့်ထွက်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူ မျက်မြင် တစ်ဦးက ပြောဆိုသည်။
“ ဒဏ်ရာနဲ့ မောင်တောဆေးရုံကို ယူသွားရာမှာ လမ်းမှာ ဆုံးသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခုလို ကျေးရွာသားများက သတင်းပေးပို့သော်လည်း အဆိုပါ သတင်းနှင့် ပတ်သက်ပြီး စစ်တပ်ဘက်ကို မေးမြန်းနိုင်ခြင်း မရှိသဖြင့် နိရဥ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။







