ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ် အမြောက်ကျည်ဆံ ၁ဝ လုံးတွေ့ရှိ

ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ် အမြောက်ကျည်ဆံ ၁ဝ လုံးတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီး စပါးဆိပ်ကျေးရွာမှ သားဖနှစ်ဦး ငါးဖမ်းရှာရာတွင် ယမ်းငွေ့အနည်းငယ်ပါသည့် ရှေ့ခေတ် ဂျပန်များ အသုံးပြုခဲ့သော အမြောက်ဆံ ၁ဝ လုံးတွေ့ရှိကြောင်း သတင်းရရှိသည်။

“သားဖနှစ်ယောက် ငါးစွယ်တွင်းကို စူးနဲ့ထိုပြီး ရှာကြတယ်။ ငါးစွယ်ထိုးတော့ မြေကြီးထဲမှာ သံကိုတွေ့လို့ ယပ်ကြည့်တဲ့အခါတွေ့တာ လို့ပြောတယ်။ ယမ်းတော့ နည်းနည်းပါတယ်။ အန္တရာယ်တော့ မရှိဘူး” ဟု ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အုပ်ချုုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အမြောက်ဆံမှာ အချင်း ၃ လက်မ၊ အလျား ၁၂ လက်မ၊ လုံးပတ် ၉ လက်မ၊ ရှိပြီး ယမ်းငွေ့ အနည်းငယ်ပါသည့် အန္တရာယ်မရှိသည့် အမြောက်ဆံများဖြစ်သော်ကြောင့် တစ်စုံတရာ အသုံးဝင်တော့မည် အဟုတ်ကြောင်း သူကဆက်လက်ပြောကြားသည်။

လက်ရှိတွင် အမြောက်ဆံများကို ဒေသခံများက BE တပ်မှ တာဝန်ရှိသူများကို ပေးအပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...