ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ် အမြောက်ကျည်ဆံ ၁ဝ လုံးတွေ့ရှိ

ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ် အမြောက်ကျည်ဆံ ၁ဝ လုံးတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီး စပါးဆိပ်ကျေးရွာမှ သားဖနှစ်ဦး ငါးဖမ်းရှာရာတွင် ယမ်းငွေ့အနည်းငယ်ပါသည့် ရှေ့ခေတ် ဂျပန်များ အသုံးပြုခဲ့သော အမြောက်ဆံ ၁ဝ လုံးတွေ့ရှိကြောင်း သတင်းရရှိသည်။

“သားဖနှစ်ယောက် ငါးစွယ်တွင်းကို စူးနဲ့ထိုပြီး ရှာကြတယ်။ ငါးစွယ်ထိုးတော့ မြေကြီးထဲမှာ သံကိုတွေ့လို့ ယပ်ကြည့်တဲ့အခါတွေ့တာ လို့ပြောတယ်။ ယမ်းတော့ နည်းနည်းပါတယ်။ အန္တရာယ်တော့ မရှိဘူး” ဟု ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အုပ်ချုုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အမြောက်ဆံမှာ အချင်း ၃ လက်မ၊ အလျား ၁၂ လက်မ၊ လုံးပတ် ၉ လက်မ၊ ရှိပြီး ယမ်းငွေ့ အနည်းငယ်ပါသည့် အန္တရာယ်မရှိသည့် အမြောက်ဆံများဖြစ်သော်ကြောင့် တစ်စုံတရာ အသုံးဝင်တော့မည် အဟုတ်ကြောင်း သူကဆက်လက်ပြောကြားသည်။

လက်ရှိတွင် အမြောက်ဆံများကို ဒေသခံများက BE တပ်မှ တာဝန်ရှိသူများကို ပေးအပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...