အင်းတော်မြို့နယ်မှာ Star Link Wifi အသုံးပြုခွင့်ယာယီပိတ်

အင်းတော်မြို့နယ်မှာ Star Link Wifi အသုံးပြုခွင့်ယာယီပိတ်

အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi ဝန်ဆောင်မှုဆိုင်တွေအပါအဝင် မိမိနေအိမ်မှာအသုံးပြု ခွင့်တွေကိုပါ ယာယီပိတ်သိမ်းလိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မေလ ၃ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြန်လည်အသုံးပြုဖို့ ခွင့်ပြုချက်ထုတ်ပြန်ခြင်းမရှိသေးချိန်အထိ Star Link Wifi အသုံးပြုမှုများကိုမလုပ်ကြဖို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

 ဒါ့အပြင် ပိတ်သိမ်းထားတဲ့ကာလအတွင်း Star Link Wifi အသုံးပြုတာကိုတွေ့ရှိရင်တော့ သတိပေးတာ၊ သိမ်းဆည်းတာတွေ အထိပါ အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း တွေ့ရပါတယ်။

“စစ်ရေးအခြေနေကြောင့် Wifi တွေကို ခဏပိတ်ခိုင်းတဲ့သဘောပေါ့။ ကသာမြို့နယ်မှာလည်း အဲ့အတိုင်းပဲ။ စစ်ကြောင်းဝင်တဲ့အချိန် ယာယီ ပိတ်ခိုင်းတဲ့သဘောပါ။ လုံခြုံရေးအရပေါ့”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရုံးလုပ်ငန်းတွေလည်ပတ်ဖို့ကလွဲပြီး တခြား Star Link Wifi ဝန်ဆောင်မှုပေးတဲ့မည်သည့်ဆိုင်မဆိုနဲ့ နေအိမ်တွေပါ ဒီထုတ်ပြန်ချက်ထဲအကျုံးဝင်တယ်လို့နားလည်ရပါတယ်။

အင်းတော်မြို့ကနေ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကဘဲ တော်လှန်ရေးအင်အားစုတွေဆုတ်ခွာပေးခဲ့ရပြီး လက်ရှိမှာ အဆိုပါ စစ်ကြောင်းဟာ မော်လူးမြို့ကိုဆက်လက်ဦးတည်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေသခံတွေအနေနဲ့လည်း ဘေးလွတ်ရာတွေကိုဂရုတစိုက်တိမ်းရှောင်ကြဖို့ စစ်ရေးသတိရှိကြဖို့ အင်တာနက်အရေးပေါ် အသုံးပြုလိုရင်တော့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီဆက်သွယ်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းကစလို့ စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းလာခြင်းဖြစ်ပြီး ထီးချိုင့်၊ တကောင်းမြို့တွေကိုသိမ်းပိုက်ပြီးတဲ့နောက် ကသာ၊ အင်းတော် မြို့တို့ကိုပါ ဆက်တိုက်ဆိုသလိုထိန်းချုပ်လာတာဖြစ်ပါတယ်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...