လောင်းလုံးတွင် စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် ဒေသခံများ အခက်ကြုံ

လောင်းလုံးတွင် စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် ဒေသခံများ အခက်ကြုံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်များကို ကန့်သတ်ထားခြင်းကြောင့် ဒေသခံများ နေ့စဉ်အသုံးအဆောင် အခြေခံကုန်ပစ္စည်းများနဲ့ စက်သုံးဆီများ ရရှိခက်ခဲမှုများရှိကြောင်း ဒေသခံများမှ သိရသည်။

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုကြား ဒီဇင်ဘာလကုန်ပိုင်းခန့်ကစပြီး စစ်ရေးတင်းမာလာသည့်နောက်ပိုင်း ကမြောကင်းစစ်ဆေးရေးတံတားတွင် စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သတ်နေသော်လည်း ဆေးဝါး၊ စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီက အကန့်အသတ်ဖြင့် ခွင့်ပြုနေကြောင်း သိရသည်။

လောင်းလုံးမြို့ခံတစ်ဦးက “သူတို့ (စစ်ကောင်စီ) က ဒီအတိုင်းကန့်သတ်ထားတာ။ ဒါပေမဲ့ ပိုက်ဆံတွေပေးနိုင်ရင် သယ်ခွင့်ပေးတယ်။ အဓိကကတော့ သူတို့ ပိုက်ဆံယူတာပေါ့။ ပိုက်ဆံတွေ ပိုပေးနိုင်ရင် ပိုသယ်ခွင့်ရတယ်” ဟု ဆိုသည်၊၊

အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကို လုံလောက်စွာ သယ်ဆောင်ခွင့် မရရှိခြင်းကြောင့် ဒေသခံများအကြား အခက်အခဲကြုံတွေ့ရမှုများ ရှိနေသည်ဟုလည်း ပြောသည်။

“စစ်အဏာသိမ်းပြီနောက်ပိုင်းမှာ နဂိုကတည်းက အခြေခံလိုအပ်ချက်တွေ ကြီးကြီးမားမားရှိနေတဲ့ ပြည်သူလူထုက ဆိုးဆိုးဝါးဝါး ခံစားလာနေရတယ်။ ဥပမာ မဖြစ်မနေ လိုအပ်တဲ့ဆေးဝါးက လိုသလောက် သယ်လို့မရတဲ့အပြင် ကျန်မားရေး ကျေးလက်ဆေးပေးခန်းတွေလည်း ရွာတိုင်းလိုလိုမရှိတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒီတော့ နဂိုကတည်းက အခြေခံစီးပွားရေးကို ဆုံးရှုံးနေတဲ့ ပြည်သူလူထုက လိုသလောက် သယ်လို့မရဘူးဆိုတော့ စျေးတွေလဲ တက်လာတယ်။ ပြောရမယ်ဆိုရင် ဒီကာလမှာ ပြည်သူလူထုက အခက်အခဲအကြပ်အတည်းပေါင်းများစွာနဲ့ နေနေရတယ်” ဟု အခြားလောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အင်အားအမြောက်အများဖြင့် မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေသည့် လောင်းလုံးမြို့နယ်တွင် ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ထိ နေရပ်မပြန်နိုင်သေးသည့် အခြေအနေတွင် စားနပ်ရိက္ခာများ အကူအညီ လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ပြောသည်။

May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...