ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံး၊ အဆောက်အအုံတချို့ထိခိုက်ပျက်စီး

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံး၊ အဆောက်အအုံတချို့ထိခိုက်ပျက်စီး

တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးအထိသေဆုံးပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လုမ်သဲကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မနေ့နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၆ ဦးသေဆုံးကာ ခရစ်ယာန်ဘုရားကျောင်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွေအပါအဝင် လူနေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေသခံတစ်ဦးက “ ဒေသခံပြည်သူ ၆ ဦးသေတယ်၊ ဒဏ်ရာရတဲ့သူလည်းရှိတယ်တဲ့ အဆောက်အအုံတွေကတော့ တော်တော်လေးပျက်စီးသွားတယ်ထင်တယ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ဆေးပေးခန်းတွေ အရပ်သားအဆောက်အအုံတချို့ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဖလမ်းမြို့နယ်ထဲက ဗားကျေးရွာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...