ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံး၊ အဆောက်အအုံတချို့ထိခိုက်ပျက်စီး

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံး၊ အဆောက်အအုံတချို့ထိခိုက်ပျက်စီး

တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးအထိသေဆုံးပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လုမ်သဲကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မနေ့နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၆ ဦးသေဆုံးကာ ခရစ်ယာန်ဘုရားကျောင်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွေအပါအဝင် လူနေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေသခံတစ်ဦးက “ ဒေသခံပြည်သူ ၆ ဦးသေတယ်၊ ဒဏ်ရာရတဲ့သူလည်းရှိတယ်တဲ့ အဆောက်အအုံတွေကတော့ တော်တော်လေးပျက်စီးသွားတယ်ထင်တယ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ဆေးပေးခန်းတွေ အရပ်သားအဆောက်အအုံတချို့ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဖလမ်းမြို့နယ်ထဲက ဗားကျေးရွာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...