ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ ကူညီဖေးမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အိမ်နီးချင်းနိုင်ငံတွေကို မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီလက်ထဲ လွှဲပြောင်းခံရတဲ့သူတွေဟာ အကျဉ်းချခံရတာအပြင် စစ်သားစုဆောင်းခံရပြီး လူသားဒိုင်းအနေနဲ့ ရှေ့တန်းပို့ခံရတာတွေ ရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာထောက်ထားရေးကို ရှေးရှုပြီးတော့ စစ်ကောင်စီလက်ထဲ လွှဲပြောင်းပေးတာမျိုး မပြုလုပ်ဖို့ အခုလို ပြောဆိုထားတာဖြစ်ပါတယ်။

"အကြမ်းဖက် စစ်အုပ်စုလက်ထဲ ပြန်လည်လွှဲပြောင်းခံရတဲ့ ခိုလှုံသူတွေဟာ ထောင်တွင်းအကျဉ်းချခံရတာ အဓ္ဓမ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းခံရတာတွေ ရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာထောက်ထားရေးရှု့ထောင့်ကနေ စဉ်းစားပြီး စစ်အုပ်စုလက်ကို ပြန်အပ်တာမျိုးမပြုလုပ်ဘဲ တတ်နိုင်သမျှကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာကျင်းပတဲ့ မဟာမဲခေါင် ထိပ်သီးအစည်းအဝေးအတွင်း ထိုင်းဝန်ကြီးချုပ်ကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို တောင်းခံခဲ့တယ်လို့ ကြားသိရပြီး ဒီလိုအချက်အလက်တောင်းခံမှုဟာ သွေးရိုးသားရိုး မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို တတ်စွမ်းသမျှ ကူညီပေးနေကြတဲ့အတွက်လည်း အိမ်နီးချင်းနိုင်ငံတွေကို အထူးကျေးဇူးတင်ကြောင်း ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။  

ဒါ့အပြင် နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့လည်း ခိုလှုံနေတဲ့ အိမ်ရှင်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်ကြဖို့ကိုလည်း ဦးနေဘုန်းလတ်က အလေးအနက်ထား တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လူငယ်အများပိုင်းဟာ တော်လှန်းရေးတပ်တွေထဲ ဝင်ရောက်တာလည်း ရှိသလို နိုင်ငံခြားထွက်တာတွေလည်း ရှိနေတာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူမှုတွေကြောင့်လည်း လူငယ်တွေဟာ နီးစပ်ရာနိုင်ငံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

March 2, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်း(၁၂ တန်း) စာမေးပွဲသွားဖြေဆိုရမယ့်...
February 27, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ထိန်းချုပ်နယ်မြေအတွင်းက နေရာ ၂၄ နေရာကို စစ်ကော်မရှင်က ၄...
February 26, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းကလေးကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ်...
February 25, 2026
ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ စလုပ်မယ်လို့ စစ်ကော်မရှင်ရဲ့...