အာဏာသိမ်းခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ မြစ်ဆုံပြန်စဖို့ ဆွေးနွေးခဲ့

အာဏာသိမ်းခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ မြစ်ဆုံပြန်စဖို့ ဆွေးနွေးခဲ့

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဆွေးနွေးပွဲမှာ မြစ်ဆုံစီမံကိန်းကို အရင်ကတည်းက အကောင်အထည်ဖော်ခဲ့ရင် အခုအချိန်မှာ တစ်နိုင်ငံလုံး မီးထိန်ထိန်လင်းနေမှာဖြစ်တဲ့အကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့တယ်လို့လည်း ဒေါ်ခိုင်ခိုင်စိုးက ပြန်ပြောပြပါတယ်။

မြစ်ဆုံစီမံကိန်းဆောင်ရွက်ဖို့အတွက် နေရာ ၇ ခု ရှိပြီး ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းစီမံကိန်း တစ်ခုထဲကနေ မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ မဂ္ဂါဝပ် ၁၀,၀၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့ မြစ်ဆုံစီမံကိန်း ၆ ခုနဲ့ပါပေါင်းရင် တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်မီးရအောင် ဆောင်ရွက်နိုင်လို့လည်း အဲဒီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ အကြမ်းဖျင်းအနေနဲ့ ကောင်းကျိုးများပြီး ဆိုးကျိုးအနည်းငယ်ရှိနိုင်ပေမဲ့ အဲဒီဆိုးကျိုးကို အနည်းဆုံးဖြစ်အောင် ပညာရှင်တွေနဲ့ တွက်ချက်ပြီး ထုတ်ပြန်သွားမယ်လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

စစ်အုပ်စုဘက်ကတော့ အဲဒီစီမံကိန်းဟာ ကောင်းကျိုးများမယ်လို့ ပြောဆိုနေပေမဲ့ ပညာရှင်တွေကတော့ စီမံကိန်းကို မလုပ်သင့်ဘူးလို့ အစဉ်အဆက်ထောက်ပြနေကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြစ်ဆုံစီမံကိန်းပြန်စနိုင်ဖို့အတွက်လည်း မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့တွေမှာ စည်းရုံးဟောပြောမှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရင် အကျိုးအမြတ်နဲ့ ရင်းနှီးမြုပ်နှံမှုကို ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ စစ်အုပ်စုက အခုထိ ပွင့်ပွင့်လင်းလင်း မထုတ်ပြန်သေးပါဘူး။

August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...