ဖားကန့်တွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး

ဖားကန့်တွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်နှင့် ယူမာလမ်းအနီးတွင် ဇူလိုင် လ ၇ ရက်နေ့၊ ည ၈ နာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆိုင်းတောင်နှင့် ယူမာကျေးရွာကြား လမ်းပိုင်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှု ကြောင့် သွားလာနေသည့် အမျိုးသားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ဖားကန့်ဒေသခံတစ်ဦးက “မိုင်းထိပြီးဆုံးတာ။ ဘယ်သူ့မိုင်းလဲတောင်မသိဘူး။ စစ်တပ်ကလား KIA တပ်ဘက် ကလား မသိတော့ဘူး” ဟု ပြောသည်။

ဆိုင်းတောင်နှင့် ယူမာကျေးရွာကြား လမ်းပိုင်းမှာ စစ်ရေးအရ တည်ငြိမ်မှုမရှိသည့်နယ်မြေဖြစ်ပြီး ယူမာဘက် တွင် စစ်တပ်က နေရာယူ လှုပ်ရှားလျက်ရှိသည်။

ထို့ပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် ဆိုင်းတောင်ရပ်ကွက်သို့ သွားရောက်သည့် အဓိကလမ်းမကြီးဖြစ်သော ဆိုင်းတောင်-ယူမာလမ်းကို စစ်ရေးအရ ပိတ်ထားသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသည့် အမျိုးသား၏ အမည်၊ အသက်နှင့် နေရပ်လိပ်စာကို အသေးစိတ် အတည်ပြုနိုင် ခြင်း မရှိသေးပေ။

ဖားကန့်ဒေသတွင် စစ်ရေးတင်းမာမှုများကြောင့် အဓိကလမ်းမကြီးများ ပိတ်ထားရသဖြင့် ဒေသခံပြည်သူများ သွားလာရေး အခက်အခဲဖြစ်ပေါ်နေပြီး ယခုကဲ့သို့ မိုင်းနင်းမိ၍ အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း ကြုံတွေ့ နေရသည်။

UNICEF (မြန်မာ) ၏ စောင့်ကြည့်လေ့လာချက်များ အရ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း (EO) ကြောင့် ဖြစ်စဉ်ပေါင်း ၅၁၀ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး အရပ်သား ၇၄၅ ဦး ထိခိုက်သေဆုံးခဲ့ရသည်။

အဆိုပါ ထိခိုက်သူများအနက် ကလေးသူငယ် ၁၅၅ ဦး ပါဝင်ခဲ့ရာ ၎င်းသည် စုစုပေါင်းထိခိုက်သူအားလုံး၏ ၂၁ ရာခိုင်နှုန်းအထိ ရှိသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပြန့်နှံ့နေမှုသည် အရပ်သားပြည်သူများ၊ အထူးသဖြင့် ကလေးငယ်များအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...