မွန်တွင် အလုပ်သမားရှားပါးမှုကြောင့် ရာဘာအစေးခြစ်လုပ်ငန်း အများစုမလည်ပတ်နိုင်

မွန်တွင် အလုပ်သမားရှားပါးမှုကြောင့် ရာဘာအစေးခြစ်လုပ်ငန်း အများစုမလည်ပတ်နိုင်

ယခုနှစ် ပွင့်လင်းရာသီကာလ ရာဘာအစေးခြစ်လုပ်ငန်းစတင်ချိန်၌ မွန်ဒေသတဝိုက်တွင် အလုပ်သမားရှားပါးလာမှုကြောင့် ခြံအများစု မလည်ပတ်နိုင်ဘဲ အခက်တွေ့နေကြသည်ဟု ခြံပိုင်ရှင်များထံမှ သိရသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများအပြင် မိသားစုစားဝတ်နေရေးအတွက် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှု များပြားလာသောကြောင့် ရာဘာအစေးခြစ်လုပ်သားရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

“ဒီမှာ အလုပ်လုပ်နေတဲ့ သူတွေက ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံခြားကို သွားတာအရမ်းများတော့ မိန်းကလေးပဲ သွားခြစ်၊ သွားလုပ်ဖို့က အဆင်မပြေဘူး၊ ပြီးတော့ အလုပ်က အခုခေတ်မှာ ဟို မြန်မာပြည်အထက်ပိုင်းက သူတွေ လာလုပ်ဖို့က လာလို့မရ အဲဒီလို အခက်ခဲဖြစ်နေတယ်” ဟု သံဖြူဇရပ်မြို့နယ် ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း လက်ရှိ စစ်ကောင်စီ၏ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူမှုများလုပ်ဆောင်လာနေခြင်းအပါဝင် စစ်တပ်တို့က ရာဘာခြံများအတွင်း ကင်းပုန်းဝပ်နေခြင်းနှင့် ဥယျာဉ်ခြံ သွားလာခွင့်ကဒ် ပြုလုပ်ခိုင်းနေခြင်း စသည့်အခက် အခဲများရှိနေကြောင့်လည်း မွန်ဒေသရှိ ရာဘာအစေးခြစ်လုပ်ငန်းများ ကောင်းမွန်စွာ မလည်ပတ်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ရာဘာခြံပိုင်ရှင်ဖြစ်သူတို့မှ အခကြေးငွေ တိုးမြှင့်ပေးပြီး လုပ်သားများကို ခေါ်ဆောင်နေသော်လည်း ဒေသအတွင်းရှိ လုပ်သားများသာမက အခြားဒေသက လုပ်သားများပါ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိသောကြောင့် အစေးခြစ်လုပ်ငန်း အများစုရပ်နားထားရသည်ဟု ရေးမြို့ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အခုက ရပ်နားထားရတဲ့ ခြံတွေ အများကြီးရှိတယ်။ လူမရှိဘူး၊ နိုင်ငံခြားထွက်ကုန်တော့ ဒီဘက်မှာ ကျန်တဲ့ ရာဘာခြစ်သမားတွေက ခြံကိုလည်း ရွေးတယ်။ သူတို့လုပ်ချင်တဲ့ ခြံကိုပဲ သူတို့ရွေးလုပ်တယ်။ အခုက ပြောင်းပြန်ဖြစ်နေတယ်၊ သူဌေးပိုင်ရှင်တွေက ရာဘာခြစ် အလုပ်သမားတွေထံ ကိုယ့်ကိုယ်ကို နှိမ်ချပြီး သူတို့ကို ခေါ်နေရတယ်။ သူတို့ အလုပ်လုပ်ပေးဖို့ အတွက်ပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာစိုက်ခင်းဧက ၅၀၀၀၀၀(ငါးသိန်း) ကျော်ရှိပြီး မြို့နယ် (၁၀) မြို့နယ်အနက် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့သည် ရာဘာအထွက်နှုန်း အများဆုံးဒေသဖြစ်သည်ဟု သိရသည်။

January 28, 2026
မွန်ညီညွတ်ရေးပါတီ ( MUP)ကို ကိုယ်စားပြု၍ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်...
ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...