မွန်ပြည်တွင် စက်သုံးဆီတင်သွင်းခွင့်ရ ကုမ္ပဏီပိုင်ရှင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

မွန်ပြည်တွင် စက်သုံးဆီတင်သွင်းခွင့်ရ ကုမ္ပဏီပိုင်ရှင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးညီညီထွေးကို မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းကျပ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

ရာဇာမင်းကုမ္ပဏီသည် စက်သုံးဆီရောင်းချခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်တပ်က ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ ဖြင့် အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ပထမအပတ်တွင် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးကို မော်လမြိုင်မြို့နယ်တရားရုံး အမိန့်ချ လိုက်တဲ့အပြင် ဘီးလင်းမြို့နယ်အတွင်းက ရွှေတူးသမားတွေကို စက်သုံးဆီမှောင်ခိုရောင်းချခဲ့မှုနဲ့ ပတ်သက်လို့ လည်း သထုံခရိုင်တရားရုံးမှာ စစ်ဆေးဆဲအမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ထို့ပြင် ရာဇာမင်းကုမ္ပဏီအနေဖြင့် ပင်လယ်ပြင်ရှိ စက်လှေများသို့ စက်သုံးဆီ တရားမဝင်မှောင်ခို ရောင်းချမှုများ အတွက်လည်း မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူခံထားရသည်။

မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal မှတစ်ဆင့် ဖြန့်ဖြူးလျက်ရှိသည်။

လက်ရှိတွင် ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာကို အရေးယူထားသော်လည်း ကုမ္ပဏီအပေါ် အရေးယူမှု တစ်စုံ တစ်ရာ လုပ်ဆောင်ခြင်း မရှိသေးပေ။

ဦးညီညီထွေး နည်းတူ စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင် ဦးစိန်တင် (ခ) ကာဆင်၊ မိဘမေတ္တာစက်သုံးဆီ ဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး (ခ) ဇော်ဦးနှင့် မင်းသန့်စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် ဦးလှဝင်းခိုင်တို့ကိုလည်း ပြည်နယ်အာဏာပိုင်များက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့် အရေးယူထားသည်။

Most read this week

မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...
August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...