မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့(နိုဝင်ဘာလ ၆ ရက်နေ့) မနက်ပိုင်းမှာ ဖမ်းဆီးရမိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် Serchhip ခရိုင် ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့ ) မနက်ပိုင်း ၄ နာရီခန့်တွင် Sailiamkawn နေရာတွင် Pick-up ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ဖောက်ခွဲရေးတွင်အသုံးပြုသော Gelatin ၄၈ ထုတ်၊Detonator ၉၄ ထုတ် နှင့် Coils fuse ၅ ခု ကို ကားထဲမှ ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

အဆိုပါပစ္စည်းများနှင့်အတူ ဒေသခံ ၂ ဦးကိုလည်းဖမ်းဆီးပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ ယင်း ပစ္စည်းများကို မြန်မာဘက်သို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။

Serchhip ခရိုင်ရဲတပ်ဖွဲ့က ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဖမ်းခံရသူနှစ်ဦးကို ယနေ့တွင် တရားရုံးသို့ခေါ်ဆောင်သွားမည်ဟုသိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...