မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့(နိုဝင်ဘာလ ၆ ရက်နေ့) မနက်ပိုင်းမှာ ဖမ်းဆီးရမိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် Serchhip ခရိုင် ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့ ) မနက်ပိုင်း ၄ နာရီခန့်တွင် Sailiamkawn နေရာတွင် Pick-up ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ဖောက်ခွဲရေးတွင်အသုံးပြုသော Gelatin ၄၈ ထုတ်၊Detonator ၉၄ ထုတ် နှင့် Coils fuse ၅ ခု ကို ကားထဲမှ ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

အဆိုပါပစ္စည်းများနှင့်အတူ ဒေသခံ ၂ ဦးကိုလည်းဖမ်းဆီးပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ ယင်း ပစ္စည်းများကို မြန်မာဘက်သို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။

Serchhip ခရိုင်ရဲတပ်ဖွဲ့က ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဖမ်းခံရသူနှစ်ဦးကို ယနေ့တွင် တရားရုံးသို့ခေါ်ဆောင်သွားမည်ဟုသိရသည်။

Most read this week

January 28, 2026
အာဏာသိမ်းစစ်ကော်မရှင်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်...
January 27, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည်...
January 26, 2026
၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်...
January 24, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့်...