မယ့်စလောင်းတောင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

မယ့်စလောင်းတောင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မယ့်စလောင်းတောင် စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က (ဇွန်လ ၂၅ ရက်နေ့) ရသွားတာပေါ့။ အတည်ပြုပါတယ်။ သေဆုံးသွားတဲ့ ရန်သူအလောင်းတွေလည်း တွေ့တယ်။ ဘယ်လောက်လဲဆိုတာတော့ အတိအကျ မသိရဘူး။” လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်က လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။

“သေနတ်တစ်ချက်မှ မပေါက်ဘူး။ လက်နက်ခဲယမ်း တချို့ရတယ်။ မိုင်းတွေကောပေါ့။” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မယ့်စလောင်းတောင် စခန်းအတွင်းမှာ ရှမ်းပြည်နယ်က စကခ (၂) လက်အောက်ခံတပ်ရင်း နဲ့ ဘောလခဲတပ်ရင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှာလည်း မယ့်စလောင်းတောင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပေမယ့် သုံးရက်အကြာမှာ စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးလာပြီး ပြန်လည် တပ်စွဲထားခဲ့ပါတယ်။ မယ့်စလောင်းတောင်စခန်းကို လက်ရှိ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒုတိယအကြိမ်ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ မယ့်စလောင်းတောင်စခန်းဟာ ဘောလခဲမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...