စစ်တပ်ဝင်းထဲ မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ဆေးကုသမှုခံယူနေရ

စစ်တပ်ဝင်းထဲ မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ဆေးကုသမှုခံယူနေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှာ စစ်တပ်ဝင်းအတွင်း မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က  ဆင်ဘိုမြို့ရှိ စစ်ကောင်စီတပ်ရင်း ၁၄၁ ဝင်းအတွင်း မှိုသွားရှာရင်း ထောင် ထားသည့် မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိသည့် ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

“စစ်တပ်ဝင်းထဲမှာ မှိုရှာသွားတာ ။ စစ်တပ်ဝင်းကလည်း ကျယ်တော့လေ။ အခြေအနေမကောင်းတော့ သူတို့ လည်း မိုင်းထောင်ထားတာ နေမှာပါ့။ စစ်တပ်ဝင်းထဲမှာ ဖြစ်သွားတာ ဝင်းအပြင်မှာ ဖြစ်သွားတာတော့ မဟုတ် ဘူး” ဟု ၎င်းက ရှမ်းနီအသံကို ပြောသည်။

မိုင်းနင်းမိသူမှာ ဆင်ဘိုဒေသခံ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်ဝင်း ဆိုသည်ဖြစ်သည်။

ဦးသက်ဝင်းသည် မိုင်းနင်းမိသောကြောင့် ခြေထောက်တစ်ဖက် ကျိုးသွားပြီး၊ ကျန်တစ်ဖက်မှာလည်း ပြတ်လု နီးပါး ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် ဦးသက်ဝင်းကို ဆင်ဘိုတပ်ရင်း ၁၄၁ မှ ဆေးဖိုး ကူညီပေးမည်ဟု ပြောဆိုထား သော်လည်း ရှမ်းနီအသံက ဆက်သွယ်မေးမြန်းချိန်အထိ မည်သည့်အကူအညီမှ မရရှိသေးဘူးဟု ပြောသည်။

“ဆေးဖိုးဝါးခ ကူညီပေးမယ်လို့တော့ ကြားတယ်။ ကူမလား မကူဘူးလားတော့ မသိဘူး။ လောလောဆယ်တော့ ဘာမှ မပေးလာသေးဘူး” ဟု အမည်မဖော်သော နောက်ထပ် ဆင်ဘိုဒေသခံတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် မြေမြုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း အသုံးပြုမှု သိသိသာသာတိုးလာနေပြီး ပြီးခဲ့သည့် နှစ်အတွင်း အရပ်သား ရာနှင့်ချီ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...