စစ်တပ်ဝင်းထဲ မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ဆေးကုသမှုခံယူနေရ

စစ်တပ်ဝင်းထဲ မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ဆေးကုသမှုခံယူနေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှာ စစ်တပ်ဝင်းအတွင်း မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က  ဆင်ဘိုမြို့ရှိ စစ်ကောင်စီတပ်ရင်း ၁၄၁ ဝင်းအတွင်း မှိုသွားရှာရင်း ထောင် ထားသည့် မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိသည့် ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

“စစ်တပ်ဝင်းထဲမှာ မှိုရှာသွားတာ ။ စစ်တပ်ဝင်းကလည်း ကျယ်တော့လေ။ အခြေအနေမကောင်းတော့ သူတို့ လည်း မိုင်းထောင်ထားတာ နေမှာပါ့။ စစ်တပ်ဝင်းထဲမှာ ဖြစ်သွားတာ ဝင်းအပြင်မှာ ဖြစ်သွားတာတော့ မဟုတ် ဘူး” ဟု ၎င်းက ရှမ်းနီအသံကို ပြောသည်။

မိုင်းနင်းမိသူမှာ ဆင်ဘိုဒေသခံ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်ဝင်း ဆိုသည်ဖြစ်သည်။

ဦးသက်ဝင်းသည် မိုင်းနင်းမိသောကြောင့် ခြေထောက်တစ်ဖက် ကျိုးသွားပြီး၊ ကျန်တစ်ဖက်မှာလည်း ပြတ်လု နီးပါး ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် ဦးသက်ဝင်းကို ဆင်ဘိုတပ်ရင်း ၁၄၁ မှ ဆေးဖိုး ကူညီပေးမည်ဟု ပြောဆိုထား သော်လည်း ရှမ်းနီအသံက ဆက်သွယ်မေးမြန်းချိန်အထိ မည်သည့်အကူအညီမှ မရရှိသေးဘူးဟု ပြောသည်။

“ဆေးဖိုးဝါးခ ကူညီပေးမယ်လို့တော့ ကြားတယ်။ ကူမလား မကူဘူးလားတော့ မသိဘူး။ လောလောဆယ်တော့ ဘာမှ မပေးလာသေးဘူး” ဟု အမည်မဖော်သော နောက်ထပ် ဆင်ဘိုဒေသခံတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် မြေမြုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း အသုံးပြုမှု သိသိသာသာတိုးလာနေပြီး ပြီးခဲ့သည့် နှစ်အတွင်း အရပ်သား ရာနှင့်ချီ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...