နောင်ကိုင်းကျေးရွာအုပ်စု KNU ခန့် ကျေးရွာလုံခြုံရေးမှူးတစ်ဦး သတ်ဖြတ်ခံရ

နောင်ကိုင်းကျေးရွာအုပ်စု KNU ခန့် ကျေးရွာလုံခြုံရေးမှူးတစ်ဦး သတ်ဖြတ်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ နောင်ကိုင်းကျေးရွာအုပ်စု သဝေါသောကျေးရွာ KNU - ကရင် အမျိုးသားအစည်းအရုံး ခန့် ကျေးရွာလုံခြုံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သူ စောဖားပယော်ကို အမည်မသိ လက် နက်ကိုင် တစ်စုက နေအိမ်၌ လာရောက်ပစ်ခတ် သတ်ဖြတ်သွားခဲ့သည်။

ဇွန်လ ၂၂ ရက်နေ့ (ယမန်နေ့) ည ၈နာရီ အချိန်တွင် သဝေါသောကျေးရွာ KNU တပ်မဟာ ၇ လက်အောက်ခံ ၁၀၁ တပ်ရင်းက ခန့်အပ်ထားသည့် ကျေးရွာအခြေပြု လုံခြုံရေး ခေါင်းဆောင် စောဖားပယော်ကို ပစ်ခတ်သတ်ဖြတ် ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဥ်အား ကရင်အမျိုးသားရဲတပ်ဖွဲ့ - KNPF တာဝန်ရှိသူများ လာရောက်စစ်ဆေးနေကြောင်း ကျေးရွာ သား သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ညက ၈ နာရီမှာ လူ  ၄ ယောက် သေနတ် ၄ ချက်ပစ်ပြီး သူ့အိမ်လာတက် သတ်သွားတယ်။ သူက သဝေါ သောရွာ လုံခြုံရေးမှူးစောဖားပယော် ဖြစ်တယ်၊ အခုတော့ KNPF ကရင်ရဲတပ်ဖွဲ့က လာပြီး စစ်ဆေးနေတယ်။ ရွာဘက်တွေမှာက BGF ရော၊ PDF ရော DKBA ရော၊ KNUရော အဖွဲ့ စုံသွားလာ နေကြတာဆိုတော့ ဘယ်သူ တွေဆိုတာတော့ ပြောမတတ်သေးဘူး၊ စစ်မေးနေတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာများဘက်တွင် KNU တပ်မဟာ ၇၊ ၁၀၁ တပ်ရင်းထိန်းချုပ် နယ်မြေ ဖြစ်သော်လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့ ပေါင်းစုံ သွားလာဝင်ထွက် ဖြတ် သန်းလှုပ်ရှား ကြသည့်နေရာ ဖြစ်သည့်အပြင် အခြားကျေး ရွာများ ဘက်မှ စစ်ဘေးရှောင် တိမ်းလာကြသည့် အခြားကျေးရွာများမှ ဒေသခံများလည်း ခိုလှုံ နေထိုင် နေကြ သည့် နေရာဖြစ်သည်။

လတ်တလော သဝေါသောကျေးရွာ လုံခြုံရေးခေါင်းဆောင် သတ်ဖြတ်ခံရပြီးနောက် သူကိုင်ဆောင်သည့်  AK ၄၇ သေနတ်နှင့် လက်ပစ်ဗုံး ၂ လုံး၊ ဆိုင်ကယ် ၂စီးကိုလည်း လာရောက်ပစ်ခတ် သတ်ဖြတ်သူများက ယူဆောင် သွားကြသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ နောင်ကိုင်း၊ ထီဖိုးစံ၊ ရန်ကုတ် ကျေးရွာဒေသများဘက်ရှိ ထီးဖိုးစံ၊ နောင်ကိုင်းလမ်းခွဲ လမ်းဆုံနေရာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ အမှတ် (၇၇၇) တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်နှင့် စစ်ဆေးရေးဂိတ် ပစ်ခတ်မီးရှို့ ခံရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...