ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား

ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား
ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခု မီးလာင်မှုဖြစ်ပွား
ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခု မီးလာင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Chindwin Attack Force အဖွဲ့၏ လက်နက် ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီးပျက်စီးသွားသည့်အတွက် ဆုံးရှုံးမူတန်ဖိုး ကျပ်ငွေသိန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု Chindwin Attack Force အဖွဲ့က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် လက်နက်ထုတ်လုပ်ရန် ဂဟေဆော်နေရာမှ မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့ရာ သို လောင်ထားသည့် ယမ်းများ၊ လက်လုပ်သေနတ်များ၊ ကျပ်သိန်း၂၀ကျော် တန်ဖိုးရှိ CAF BR1 ရိုင်ဖယ်များ၊ မော် တာများနှင့် တွင်ခုန်များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု CAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်စဥ်က စခန်းမှာ သေနတ်ပုံစံအတွက် တစ်ဖွဲ့ကဂဟေဆော်နေတာ ဘေးမှာက ကျည်ဘောက်လုပ်နေတာ အဲ့မှာဂတ်စ်ပေါ်ကိုမီးပွားကျပြီး မတော်တဆကနေမီးလောင်ခဲ့တာပါ ဆုံးရှုံးမူကများတာကြောင့် စိတ်ဓာတ် လည်း တော်တော်ကျနေပါတယ်” ဟု CAF မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

မီးလောင်ဖြစ်ပွားမှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ၎င်းတို့၏ ပေါ့ဆမှုကြောင့် ပြည်သူများ လှူဒါန်းထားသည့် ပစ္စည်းများ၊ ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် လွန်စွာ စိတ် မကောင်းဖြစ်ရသည်ဟု တာဝန်ရှိသူက ယခုကဲ့သို့ ဆက်ပြောသည်။

“အဓိကကတော့ မိဘပြည်သူကိုတောင်းပန်ချင်ပါတယ် ဘာလို့ဆို မိဘပြည်သူတွေလှူဒါန်းထားတဲ့ ပြည်သူ့ ငွေ တွေကိုမှ ကျနော်တို့ပေါ့ဆမူကြောင့် အခုလိုမီးလောင်သွားတာကြောင့် အနူးညွှတ်တောင်းပန်ချင်ပါတယ်” ဟု ပြောသည်။

သို့ပေမယ့် လက်ရှိတွင် ထုတ်လုပ်ရေးစခန်း ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပြီး အကူအညီများ လိုအပ် နေသည့်အပေါ် တတ်နိုင်သလောက် ပါဝင်ကူညီပေးကြရန် Chindwin Attack Force အဖွဲ့က တောင်းဆိုထား သည်။

အဆိုပါ ထုတ်လုပ်ရေးစခန်းမှ လက်လုပ်သေနတ်များ၊ ၄၀ မမ၊ ၆၀ မမနှင့် လက်လုပ်မိုင်းများကို ကိုယ်ပိုင် ထုတ် လုပ်နေသည့် စခန်းတစ်ခုဖြစ်ပြီး မုံရွာခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ - ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခု မီးလာင်မှုဖြစ်ပွား

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...