မြစ်ကြီးနား တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနား တည်းခိုခန်းတွင် KIO အရာရှိ ၂ ဦး ဖမ်းဆီးခံရ
မြစ်ကြီးနား မန်ခရိန်ရပ်ကွက် လမ်မကြီးနဘေးရှိသော ရွှေလိပ်ပြာတည်းခိုခန်း
မြစ်ကြီးနား မန်ခရိန်ရပ်ကွက် လမ်မကြီးနဘေးရှိသော ရွှေလိပ်ပြာတည်းခိုခန်း

မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်ရှိ ရွှေလိပ်ပြာတည်းခိုခန်းတွင် KIO အရာရှိ ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု KIA နှင့် နီးစပ်သူများက ပြောသည်။

ဇွန်လ ၅ ရက်နေ့၊ ညသန်းခေါင်ချိန်၌ KIO အရာရှိများ တည်းခိုခန်းတွင် လာရောက်တည်းခိုနေသည်ကို သတင်းရ ရှိမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်စစ်ဆေး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦး KNG ကို ပြောသည်။

“ဟုတ်ပါတယ်။ ဖမ်းခံရတာ သေချာတယ်။ KIA ဘက်က အရာခံဗိုလ်ရှိ ၂ ဦး ဟုတ်တယ်။ သူတို့ အဲ့တည်းခိုခန်း မှာ လာတည်းတာ အထဲမှာ သတင်းပေးသူတွေရှိပုံရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ မြစ်ကြီးနားတိုက်နယ် ဒု - အုပ်ချုပ်ရေးမှူး အဒေါင် နှင့် မလိယန်မြို့နယ် လက်အောက်ခံ  ဇီးအွန်တိုက်နယ် ဒု - အုပ်ချုပ်ရေးမှူး အင်ခွမ်လ တို့ဖြစ်သည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ သတင်းပေးသူများ ပိုမိုများပြားလာသောကြောင့် မြို့တွင်း လှုပ်ရှားနိုင်ဖို့ ယခင်ကထက် ပိုပြီး ခက်ခဲကြပ်တည်းသွားပြီဟု KIA နှင့် နီးစပ်သူများပြောသည်။

တော်လှန်ရေးဘက် အားဖြည့်နေသူ မြစ်ကြီးနားဒေသခံတစ်ဦးက “အခုက KIO အရာရှိ အများပိုင်း ဖမ်းခံထိထား တာဆိုတော့ တော်တော်ခက်သွားသလိုပဲ။ သတင်းက တော်တော် မြန်တယ်။ ဘယ်လောက် အားဖြည့်ကြိုးစား နေလည်း တချို့သူတွေကိုကြည့်ပြီး တော်တော် စိတ်ဓာတ်ကျတယ် တခါတလေတော့။ သိပ်လည်းမပြောချင် ဘူး။ ပိုက်ဆံရှိပြီ ထင်လှတဲ့သူတွေပဲ စစ်တပ် ခရိုနီဖြစ်ကုန်ရော” ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း Happy KTV တွင် လူငယ် ၆ ဦးဖမ်းဆီးခံခဲ့ရပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းပေးမှုကြောင့် ၃ ဦး ပြန်လွတ်ခဲ့သည်။

KNG သတင်းဌာနမှ ပြုစုထားသည့် စာရင်းများအရ မြစ်ကြီးနား၊ ဖားကန့်မြို့နယ်များအတွင်း ပြီးခဲ့သော မေလက ဖမ်းဆီးခံရသူ KIA ဝန်ထမ်း ၈ ဦးခန့် ရှိခဲ့သည်။

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...