ဟိုပင်မြို့ နယ်ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း

ဟိုပင်မြို့ နယ်ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း

ကချင်ပြည်နယ် ဟိုပင်မြို့မှ ရဲတပ်ကြပ် နယ်ထိန်းတစ်ဦးကို KPDF နှင့် မြောက်ပိုင်းဝံပလွေအဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းသို့ ခေါ်သွားစဉ် သေနတ်လုပြီး ထွက်ပြေးရန် ကြိုးစားလာသောကြောင့်  ရှင်းလင်း လိုက်သည်ဟု KPDF နီးစပ်သူများက ပြောသည်။

ဇွန်လ ၃ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အဆိုပါ နယ်ထိန်းသည် တကွင်းကျေးရွာဘက်မှ လောင်းကစားဝိုင်း များ ဆပ်ကြေးကောက်ပြီး ပြန်လာချိန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“တကွင်းရွာနားမှာ သူက ဘိန်းခန်းကနေ ပိုက်ဆံကောက်ပြီး ပြန်အထွက် လူရှင်းတဲ့နေရာမှာ မိုးကောင်း PDF နဲ့ မြောက်ပိုင်း ဝံပလွေတပ်ဖွဲ့က စောင့်ပြီးဖမ်းခေါ်တာ သက်ဆိုင်ရာ အချုပ်ထဲထည့်ဖို့ ကားနဲ့ ခေါ်သွားတဲ့ချိန်မှာ လမ်းမှာရောက်တဲ့အခါ PDF ကလေးတွေဆီကနေ သေနတ်လုပြီးထွက်ပြေးတာ။ ကလေးတွေကိုလည်း မှတ်မိ ကားကိုလည်းမှတ်မိ ပြီးတော့ လက်နက်လုပြီး ထွက်ပြေးတာဆိုတော့ ကလေးတွေက မလွှဲသာမရှောင်သာနဲ့ ရှင်းလိုက်ရတာပါ” ဟု KPDF နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

မိုးကောင်း PDF နှင့် မြောက်ပိုင်း ဝံပလွေတပ်တို့ ရှင်းလင်းလိုက်သည့် နယ်ထိန်း ရဲတပ်ကြပ်သည် ကိုယ်ပိုင် အမှတ် (၃၆၃၂၆၆) ရဲတပ်ကြပ် ဦးဝင်းကိုကိုဆိုသူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်ဇာတိဖြစ်ကာ ၁၉၉၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ် ပူတာအိုမြို့နယ်မြေရဲစခန်းသို့ ပြောင်းရွှေ့လာ သူ ဖြစ်သည်။

ထို့နောက် ၂၀၂၀ ခုနှစ်တွင် ဟိုပင်နယ်မြေရဲစခန်းသို့ ထပ်မံပြောင်းရွှေ့လိုက်ခဲ့ပြီးနောက် နယ်ထိန်းတာဝန်ကို ထမ်း ဆောင်နေသူ ဖြစ်သည်။

နယ်ထိန်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းအား ဩဂုတ်လ ၄ ရက်နေ့ ဖမ်းဆီးရာတွင်ပါဝင်ခဲ့သလို ဒေါ်သက်ထားနှောင်း၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့်နှစ် ဩဂုတ်လ မိုးညှင်းလွှတ်တော်ကိုယ်စားလှယ် ကိုမျိုး ကျော်ကိုလည်း သွားရောက်ဖမ်းဆီးခဲ့ပြီး တရားဆွဲရာတွင် တရားလိုအဖြစ် ပါဝင်ခဲ့သူဖြစ်သည်ဟု ထွက်ဆို ထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

သတ်ဖြတ်ခံရသည့် နယ်ထိန်းရဲတပ်ကြပ် ဦးဝင်းကိုကိုသည် မိုးညှင်းမြို့၊ ဟိုပင်မြို့များရှိ လောင်းကစားဝိုင်းများ အား ဆပ်ကြေးကောက်နေသူ တစ်ဦးဖြစ်ပြီး ဟိုပင်မြို့သို့ ပြောင်းရွှေ့လာသည်မှာ ၃ နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

“သူက ဟိုပင်ဘက်ကိုပြောင်းလာတာ ၃ နှစ်လောက်ရှိလာပြီ ဟိုပင်၊ မိုးညှင်းတစ်လျှောက်မှာ အဓိကကြည့်တဲ့ နယ်ထိန်းဖြစ်တယ် ဆိုတာတော့ သိတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ လက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏ သတ်ဖြတ်ခံရမှုများ ရှိနေသည်။

ဓါတ်ပုံ - ဟိုပင်မြို့နယ် ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းခဲ့

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...