မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၉၁ ခုရှိ

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၉၁ ခုရှိ

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်နေသည့် လုပ်ငန်း‌ ၉၁ ခု ရှိကြောင်း ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတို့ထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၁ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၄ ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃၇ ခုရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်မှုတွေက ပိုများတယ်ပေါ့။ ရင်းနှီးမြှုပ်လုပ်ငန်းတွေ ထပ်ပြီး ခွင့်ပြုပေးဖို့လည်း ရှိပါတယ်” ဟု ဦးအောင်ကြည်သိန်းက ပြောသည်။

ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှုများလာပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်းလည်း ဆိုသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းပြီးဆုံးပါက ရင်းနှီး မြုပ်နှံမှု ပိုမိုတိုးတက်လာမည် ဖြစ်သည်ဟု မော်လမြိုင်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “ပြည်နယ်အတွင်းမှာ နိုင်ငံတကာ လေဆိပ်နဲ့ ဆိပ်ကမ်း ပြီးရင် တော့ ရင်နှီးမြှုပ်နှံမှုတွေက သိသိသာသာကို များလာမယ်” ဟု ပြောသည်။

စစ်ကောင်စီက မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကော့ပရံနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာအနီးက မြေဧရိယာ ၄၆၀၀ ဧကကျော်ပေါ်တွင် နိုင်ငံတကာ အဆင့်မီ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၁ ခုအနက် ရော်ဘာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပိုများကြောင်း သိရသည်။

August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...