မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်

မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်း လျား လိုင်းခန်းနှင့် ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှားရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကို လည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအဓမ္မ နှင်ထုတ်နေသည်။

စစ်ကောင်စီတပ်သည် အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းမိသားစုများနေထိုင်သည့် လိုင်းခန်းအား ကျူးကျော်ဟုဆိုကာ မေလနောက်ဆုံးအပတ်တွင် သတိပေးဆိုင်းဘုတ်အား လာရောက်စိုက်ထူခဲ့ပြီး CDM ဝန် ထမ်းများကိုလည်း ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာပေးကြရန် ပြောဆိုထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် CDM မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

“သူတို့ အဲ့သတိပေးဆိုင်းဘုတ်လာကပ်တဲ့နေ့က စတာ ဆိုင်ခန်း၊ လိုင်းခန်းတွေ အကုန်လုံး အင်အားသုံးပြီးတော့ မြေတူးစက်တွေနဲ့ ဖယ်ရှားဖို့ပြင်နေပြီ။ ပြီးတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်သားတွေ စစ်ကားနဲ့လာ ပြီး ကတုတ်ကျင်း၊ ဘန်ကာတွေဆောက်နေကြပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်များသည် CDM ဝန်ထမ်းမိသားစုများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ရှင်းလင်းထွက်ခွာပေးကြရန် ထွက်ခွာပေးခြင်းမရှိပါက ၁၉၉၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေနဲ့အညီ အနိုင်အထက်ပြုခြင်းနှင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်တွင် ရေးသားထား သည်။

အောင်နန်းရပ်ကွက် မီးရထားဝင်းတွင်း နေထိုင်သည့် မီးရထားဝန်ထမ်း မိသားစုများသည် CDM လှုပ်ရှားမှုတွင် ပါဝင်သူများ CDM လုပ်ထားသူ အများစု ဖြစ်ကြသည်။

အဆိုပါ အခြေအနေကြောင့် CDM မီးရထား ဝန်ထမ်းမိသားစုများသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် အမိုးအကာ မဲ့ သွားရောက်နေထိုင်သူများ ရှိaeသည့်အပြင် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့ရှိ စျေးဆိုင်များတွင် ညအိပ်သူများ လည်းရှိေနသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် CDM ပြုလုပ်လာသည့် ဝန်ထမ်း များစွာရှိသည့်အနက် ကချင်ပြည်နယ်တွင် CDM ပြုလုပ်သည့် ဝန်ထမ်းများတွင် မီးရထားဝန်ထမ်းအများဆုံး ဖြစ် သည်။

ဓါတ်ပုံ - စစ်ကောင်စီအဖွဲ့က CDM ဝန်ထမ်းမိသားစုများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ထွက်ခွာပေးကြရန် သတိပေးစိုက်ထူထားသည့် ဆိုင်းဘုတ်

ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...